USIRD Connect

T Visa - Human Trafficking Victims

မိတ်ဆက်
T Nonimmigrant Status ဆိုတာ လိင်ကုန်ကူးခြင်း (သို့) အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း အပါအဝင် လူကုန်ကူးသူများထံမှ ကာကွယ်ပေးဖို့အတွက် ပြဌာန်းထားတဲ့ Immigration ဆိုင်ရာ ယာယီ အကျိုးခံစားခွင့်တစ်ခု ဖြစ်ပါတယ်။
ဖက်ဒရယ်ဥပဒေတွေအရ “ဆိုးရွားလွန်းတဲ့လူကုန်ကူးမှုပုံစံ” မှာ

● လိင်ကုန်ကူးခြင်း - လူတစ်ဦးအား လိင်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရန် အတင်းအကြပ်တိုက်တွန်းခြင်း၊ လှည့်ဖြားခြင်း၊ လှုံ့ဆော်ခြင်း၊ ငွေပေးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခိုင်းစေသည့်အခါ အဆိုပါ လိင်ကိစ္စဟာ ၎င်းတို့၏ ဆန္ဒမပါဘဲ အဓမ္မ ခိုင်းစေခံရခြင်း၊ ထိုကဲ့သို့ ခိုင်းစေခံရသူဟာ အသက် (၁၈) နှစ်အောက် ဖြစ်နေခြင်း၊

● အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း - လူတစ်ဦးအား ခြိမ်းခြောက်ခြင်း၊ လိမ်ညာခြင်း၊ အတင်းအကြပ် ခိုင်းစေခြင်း တို့ဖြင့် ၎င်းတို့၏ ဆန္ဒမပါပဲ ပိုက်ဆံမ ရသောအလုပ်များ ခိုင်းစေခြင်း၊ အကြွေးနွံနစ် စေခြင်း၊ ကျွန်ကဲ့သို့ ဆက်ဆံခြင်း။

အဆိုပါလူတွေကို အမေရိကန်နိုင်ငံမှာ အစပိုင်း (၄) နှစ် အထိ နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီ Visa အောက်မှာ အရည်အချင်း ပြည့်မှီဖို့ ဆိုလျှင် -
● လူကုန်ကူးခြင်းဆိုင်ရာနှင့် ပက်သတ်ပြီး ရှာဖွေ စုံစမ်းခြင်း၊ တရားစွဲဆိုခြင်းဆိုင်ရာ ကိစ္စရပ်များကို တရားဥပဒေ စိုးမိုးရေး အဖွဲ့များအား အကူအညီ ပေးခြင်းဖြင့် ပူးပေါင်းပေးရပါမယ်။
(သို့မဟုတ်)
● အချို့သော ကင်းလွတ်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များ၊ ခြွင်းချက် အခြေအနေများနှင့် ကိုက်ညီဖို့ လိုအပ် ပါတယ်။
T Visa ကို လူကုန်ကူးခံရသူရဲ့မိသားစုဝင်တွေပါ အရည်အချင်း ပြည့်မှီလျှင် လျှောက်ထားနိုင်ပါတယ်။ မိသားစုဝင်တွေက အမေရိကန် နိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရရှိမှာ ဖြစ်ပြီး အစိုးရကထောက်ပံ့ပေးတဲ့ အကျိုးခံစားခွင့်များ နှင့် ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် T Visa ကိုင်ဆောင်ထားသူတွေဟာ Lawful Permanent Residents အဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။

လျှောက်ထားခွင့်စံနှုန်းများ

T Visa လျှောက်ထားနိုင်ရန် ကိုယ်ဟာ
အထက်တွင် ဖော်ပြခဲ့သော လူကုန်ကူးမှုများ၏ သားကောင်ဖြစ်သော (သို့) ဖြစ်ခဲ့သောသူများ၊
United States, American Samoa, Commonwealth of The Northern Mariana Island တို့ကဲ့သို့ လူကုန်ကူးမှု ကြောင့် ဝင်ရောက်လာနိုင်သည့် ဆိပ်ကမ်းများတွင် ရှိနေခြင်း၊

အကယ်၍ လူကုန်ကူးမှုကို စုံစမ်းစစ်ဆေးခြင်း (သို့) အပြစ်ပေးခြင်းတွေမှာ ကိုယ့်ရဲ့အကူအညီကို တရားဥပဒေ စိုးမိုးရေး အေဂျင်စီက တောင်းခံခဲ့ပြီး ကိုယ့်အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါက အကူအညီ ပေးသင့်ပါတယ်။ ဒါပေမယ့် လူကုန်ကူးမှု ဖြစ်ပွါးချိန်မှာ အသက် (၁၈) နှစ်အောက် (သို့) ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် မကူညီနိုင်ရင်တောင် ကိုယ့်အနေနဲ့ တရားဥပဒေ စိုးမိုးရေးနှင့် မပူးပေါင်းနိုင်ကြောင်း ပြသရန်မလိုပါဘူး။
အကယ်၍ ကိုယ်ဟာအမေရိကန် နိုင်ငံကနေ ထွက်ခွါခဲ့ရလျှင် ပုံမှန်မဟုတ်တဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ခံစားရမှာဖြစ်ကြောင်း သက်သေပြရပါမယ်။

ကိုယ်ဟာ အမေရိကန် နိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့် ရှိထားရမယ်။ ခွင့်မပြုနိုင်သည့် အကြောင်းရင်းများရှိပါက အဆိုပါ အကြောင်းပြချက်များမှ ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်သည်။ I-192 Form ကို ဖြည့်သွင်းခြင်းဖြင့် ရွှေ့ပြောင်းနေထိုင်သူအဖြစ် ဝင်ရောက်ရန် ခွင့်ပြုချက်ကို တောင်းခံနိုင်ပါတယ်။

Applying for T Nonimmigrant Status

T Visa လျှောက်ထားဖို့အတွက်
ကိုယ်ဟာ ဘယ်လူကုန်ကူးမှုကိစ္စရဲ့ သားကောင် ဖြစ်ခဲ့ပါတယ် ဆိုတဲ့ အချက်အလက်တွေ ရေးသားထားသော Personal Statement ပါတဲ့ Form I-914 တစ်စောင် တင်ပြရပါမယ်။

Applying for T Nonimmigrant Status

ကိုယ်ဟာ ဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သက်သေပြရန် (သို့) ခြွင်းချက်တစ်ခု အတွက် အရည်အချင်းပြည့်မီကြောင်း သက်သေပြရန် အထောက်အထားများ ပေးရပါမယ်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ကိုယ်က လူကုန်ကူးခံရသူ တစ်ဦးဖြစ်ကြောင်း နှင့် တရားဥပဒေစိုးမိုးရေးကို ကူညီဖူးကြောင်း သက်သေပြတဲ့ I-914, Supplement B လျှောက်ထားရပါမယ်။
ဒါပေမယ့် Form I-914၊ Supplement B အစား အခြားအထောက်အထားများ ကိုလည်း တင်သွင်း နိုင်ပါတယ်။ ထိုအထောက်အထားများတွင် တရားဥပဒေ စိုးမိုးရေး နှင့် ကိုယ့်ရဲ့ကြားက ဆက်သွယ်မှု ဆိုင်ရာ မှတ်တမ်းများ၊ ရုံးတင် စစ်ဆေးမှု မှတ်တမ်းများ၊ တရားရုံး စာရွက်စာတမ်းများ၊ ရဲမှတ်တမ်းများ၊ သတင်းဆောင်းပါးများ၊ ကျမ်းကျိန်လွှာများ နှင့် အခြား အထောက်အထားတွေ ပါဝင်ပါတယ်။

Applying for T Nonimmigrant Status
အခြားသော အရည်အချင်းပြည့်မှီမှုများနဲ့ ကိုယ်က ကိုက်ညီကြောင်း ပြသတဲ့ သက်သေ အထောက်အထားများ
ကိုယ်ဟာ နိုင်ငံအတွင်း ဝင်ရောက်ခွင့် ရှိကြောင်း သက်သေ (သို့) ကိုယ်က အခြေအနေ တစ်ခုခုကြောင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့် မရှိခဲ့လျှင် အမေရိကန်နိုင်ငံ ထဲသို့ ရွှေ့ပြောင်းသူ အဖြစ် ဝင်ရောက်ရန် တောင်းဆိုသည့် Form I-192 စတာတွေကို တင်ပြပေးရပါမယ်။

Fees

Form I-914 နှင့် Form I-914A တို့ကိုဖြည့်စွက်ဖို့ ဖောင်ကြေး ပေးစရာ မလိုပါဘူး။ ဒါပေမယ့် အခြားသော T Visa နှင့် သက်ဆိုင်သည့် Form တွေ ဖြစ်တဲ့
● Form I-765, Application for Employment Authorization;
● Form I-131, Application for Travel Document;
● Form I-192, Application for Advance Permission to Enter as a nonimmigrant နှင့်

Fees

● Form I-485, Application to Register Permanent Residence or Adjust Status တို့ဖို့ကတော့ ဖောင်ကြေးပေးရမှာ ဖြစ်ပါတယ်။
Safe address and Confidentiality Protections
အကယ်လို့ ကိုယ့်အိမ်ကို USCIS က စာတွေရောက်မှာ စိုးရိမ်ခဲ့ရင် ကိုယ်စိတ်ချရတဲ့ အခြားလိပ်စာတစ်ခုကို လျှောက်လွှာထဲမှာ ထည့်သွင်းနိုင်ပါတယ်။
ထိုလိပ်စာမှာ ကိုယ်က အမှန်တကယ် နေထိုင်စရာ မလိုအပ် ပါဘူး။ T Visa ရရှိပြီးမှ လိပ်စာ ပြန်ပြောင်းဖို့အတွက် USCIS ကို အကြောင်းကြားဖို့ လိုအပ်လာပါက အထူး ညွှန်ကြားချက် ဖြစ်တဲ့ “How to change your address” မှာ ကြည့်ရှုနိုင်ပါတယ်။
ကိုယ်က USCIS နဲ့ T Visa လျှောက်ထားခဲ့ရင် သက်ဆိုင်တဲ့ အချက်အလက်တွေ အားလုံးဟာ လုံခြုံနေမှာ ဖြစ်ပြီး တရားဥပဒေ အရလဲ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

Safe Address and Confidentiality Protections
DHS ဟာ သတ်မှတ်ထားသော အခြေအနေတစ်ခု မှာသာလျှင် ကိုယ့်ရဲ့ အချက်အလက်တွေကို မျှဝေနိုင်မှာဖြစ်ပြီး လူကုန်ကူးသူ ထံမှ မဟုတ်မမှန်သော အချက်အလက်များဖြင့် ကိုယ်ရဲ့ လျှောက်လွှာကို ငြင်းဆိုခံရအောင် လုပ်ခြင်းမှလဲ ကာကွယ် ပေးထားပါတယ်။
Eligibility for Qualifying Family Members
အချို့သော မိသားစုဝင်တွေဟာ T Visa ရနိုင်ပါလိမ့်မယ်။ လူကုန်ကူးမှုမှ လွတ်မြောက်လာခြင်း (သို့) ဥပဒေရေး အဖွဲ့တွေနဲ့ ပူးပေါင်းပေးတာကြောင့် အောက်ဖော်ပြပါ မိသားစုဝင် တွေက အသက်အန္တရာယ် ရှိနေခဲ့လျှင် ကိုယ့်ရဲ့အသက် ဘယ်လောက်ပဲ ဖြစ်နေပါစေ ၎င်းတို့ဖို့ T Visa လျှောက်ထားပေးနိုင်ပါတယ်။ အဆိုပါ မိသားစုဝင်တွေကတော့
● ကိုယ့်ရဲ့ မိဘ
● လက်မထပ်ထားသော 18 နှစ်အောက် ကိုယ့်ရဲ့ မွေးချင်းများ နှင့်
● T Visa အရည်အချင်း ပြည့်မှီထားသော မိသားစုဝင်ရဲ့ ကလေးများ (အသက်အရွယ် နှင့် အိမ်ထောင်ရေး အခြေအနေ အကန့်အသတ် မရှိ) တို့ပဲ ဖြစ်ပါတယ်။

Eligibility for Qualifying Family Members
ကိုယ်က အသက် (၂၁) အောက်ဖြစ်ခဲ့လျှင်
● အိမ်ထောင်ဖက်
● လက်မထပ်ထားသော အသက် (၂၁) အောက် သားသမီးများ
● မိဘ
●(၁၈) နှစ်အောက် လက်မထပ်ထားသော မွေးချင်းများ
ကိုယ်က (၂၁) နှစ်နှင့် အထက်ဖြစ်ခဲ့လျှင်
● အိမ်ထောင်ဖက်
● လက်မထပ်ထားသော အသက် (၂၁) အောက် သားသမီးများကို လျှောက်ထားပေးနိုင်ပါတယ်။
အရည်အချင်းပြည့်မှီသော မိသားစုဝင်တွေကို လျှောက်ထားပေးဖို့အတွက် ကိုယ်က I-914 Form, Supplement A ကို တင်သွင်းပေးရပါမယ်။ အဆိုပါ I-914 Form, Supplement A ကို ကိုယ့်ရဲ့ I-914 Form နဲ့အတူ (သို့) ကိုယ့်လျှောက်လွှာကို သုံးသပ်ဆဲ အချိန် (သို့) ကိုယ်က T Visa ဖြင့် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်နေတဲ့အချိန်မှာပဲ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Employment Authorization

I-765 Form တင်ရန်လိုအပ်မှု ရှိခြင်း မရှိခြင်းဟာ ကိုယ်က အဓိကလျှောက်ထားသူ (သို့) အရည်အချင်းပြည့်မှီသော မိသားစုဝင် ဖြစ်မဖြစ်အပေါ် မူတည်ပါတယ်။
အဓိကလျှောက်ထားသူ - ကိုယ်က T Visa ရရှိတာနဲ့ USCIS ကနေ Work Permit လို့ခေါ်တဲ့ Employment Authorization Document (EAD) ကို I-914 လျှောက်ထားမှု Approve ဖြစ်သွားတဲ့အချိန်မှာ ချပေးပါတယ်။ ကိုယ် ဖြည့်စွက်လိုက်တဲ့ I-914 Form က အချက်အလက်တွေကို EAD ပြုလုပ်တဲ့နေရာမှာ သုံးသွားတာမလို့ I-765 Form ကို T Visa ရရှိဖို့
သီးသန့် လျှောက်ထားစရာ မလိုအပ်တော့ပါဘူး။
အရည်အချင်းပြည့်မှီသော မိသားစုဝင် - အကယ်၍ ကိုယ်က Form I-914, Supplement A မှာ အကျုံးဝင်တဲ့ မိသားစုဝင် ဖြစ်နေပြီး အမေရိကန် နိုင်ငံမှာ နေထိုင်နေပါက EAD လျှောက်ထားလိုလျှင် Form I-765 ကို တင်သွင်းရမှာ ဖြစ်ပါတယ်။

● အဆိုပါ I-765 Form ကို I-914 Form, Supplement A နှင့် တစ်ပြိုင်နက် (သို့) နောက်တစ်ချိန်မှ သီးသန့် လျှောက်ထားနိုင်ပါတယ်။ ကိုယ်ဟာ အမေရိကန် နိုင်ငံထဲသို့ တရားဝင် ရောက်ပြီးမှသာ EAD ရရှိနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ပြင်ပမှာ ရှိနေချိန်မှာ I-765 Form ကို မလျှောက်သင့်ပါဘူး။

After you obtain T Nonimmigrant Status

T Visa ဟာ ယေဘုယျအားဖြင့် အမေရိကန်နိုင်ငံမှာ (၄) နှစ် နေထိုင်ခွင့် ပေးတာ ဖြစ်ပေမယ့် တချို့အခြေအနေတွေမှာ Form I-539 ကို ဖြည့်စွက်ခြင်းဖြင့် သက်တမ်းတိုးနိုင်ပါတယ်။
ထို့အပြင် T Visa ကိုင်ဆောင်ထားသူဟာ အမေရိကန်နိုင်ငံမှာ (၃) နှစ် ဆက်တိုက် နေထိုင်ခဲ့ပါက Lawful permanent residence (Green card) ရရှိဖို့ အကျုံးဝင်ပါတယ်။

အကယ်၍ ကိုယ်က T Visa ရရှိထားပါက ဖက်ဒရယ် အစိုးရကပေးအပ်တဲ့ အကျိုးခံစားခွင့်တွေနဲ့ ဝန်ဆောင်မှုတွေကို ရရှိနေမှာ ဖြစ်ပါတယ်။ ကိုယ်က T visa မရရှိသေးပေမယ့် လူကုန်ကူးမှုရဲ့ သားကောင် ဖြစ်နေခဲ့လျှင် အခြေအနေ တချို့အရ
● The DHS Center for Countering Human Trafficking (CCHT) မှ ကိုယ့်ကို အမေရိကန်မှာ ဆက်လက်နေထိုင်စေခြင်း
● The U.S. Department of Health and Human Services (HHS) မှ ကိုယ်အရည်အချင်းပြည့်မှီကြောင်း အသိအမှတ်ပြုသည့်စာ အစရှိတဲ့ အကျိုးခံစားခွင့်တွေ ရရှိနေဦးမှာ ဖြစ်ပါတယ်။



Previous