USIRD Connect

U Visa - Criminal Victims

မိတ်ဆက်
U Nonimmigrant Status (U Visa) ဟာ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခံရသူများ နှင့် စုံစမ်းစစ်ဆေးမှု များ၊ သက်သေ ထွက်ဆိုချက်များတွင် တရားဥပဒေ သို့မဟုတ် အစိုးရအတွက် အကူအညီပေးနိုင်သူများကို ရည်ရွယ်တဲ့ Visa အမျိုးအစား ဖြစ်ပါတယ်။
October, 2000 ခုနှစ်မှာ Congress က Victims of Trafficking and Violence Protection Act (Battered Immigrant Women’s Protection Act အပါအဝင်) နဲ့ အညီ U Nonimmigrant Visa ကို ပြဌာန်းခဲ့ပါတယ်။ ဒီလို ဥပဒေပြဌာန်းချက်ဟာ အိမ်တွင်း အကြမ်းဖက်မှုများ၊ လိင်အကြမ်းဖက်မှုများ၊ တရားမဝင် အရောင်းအဝယ်များ စတဲ့အမှုအခင်းများကို ရှင်းလင်းဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက် အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရသူများအား ကာကွယ်ဖို့၊ မှုခင်းစုံစမ်းရေးမှာ ပါဝင်ကူညီ ထွက်ဆိုပေးနိုင်တဲ့ တရားလို ပစ်မှတ်များကို ကာကွယ်ပေးနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ပါ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဥပဒေပြဌာန်းလိုက်ခြင်းကြောင့် တရားခံတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့အတွက် Law Enforcement Agency တွေကို သတိပေးလိုက်သလို ဖြစ်သွားပါတယ်။

လျှောက်ထားခွင့်စံနှုန်းများ

ကိုယ်က U Nonimmigrant Visa အတွက် အကျုံးဝင်ချင်တယ် ဆိုရင်တော့ -
ကိုယ်က ဒီ Visa အတွက်သတ်မှတ်ထားတဲ့ ဥပဒေမဲ့ လုပ်ရပ် တစ်ခုခုရဲ့ သားကောင်ပစ်မှတ် ဖြစ်ရပါမယ်။
ဥပဒေမဲ့လုပ်ရပ် တစ်ခုခုရဲ့ သားကောင်ပစ်မှတ် ဖြစ်ရတာကြောင့် ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်ခုခု ခံစားခဲ့ရပါမယ်။
ဥပဒေမဲ့လုပ်ရပ် နှင့် ပတ်သက်တဲ့ အချက်အလက်တွေ ကို သိထား ရပါမယ်။ ကိုယ်က (၁၆) နှစ် ထက်ငယ်တဲ့ သူ ဖြစ်တာကြောင့် (သို့) ကိုယ်လက်အင်္ဂါချို့ယွင်းမှု ကြောင့် ကိုယ်သိတဲ့အချက်အလက် မပြောပြနိုင်ဘူး ဆိုရင် ကိုယ့်ရဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူများကို တစ်ဆင့် ပြောပြပြီးတော့ ကိုယ်စားထွက်ဆိုဖို့ လိုအပ်ပါတယ်။

ဒီ Program နဲ့ ပတ်သက်ပြီး Update တွေကိုသိချင်ရင်
U Non-Immigrant Status Program Updates စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

ပြစ်မှုက အမေရိကန်နိုင်ငံမှာ ဖြစ်စေ၊ U.S. Law တွေ ကို ဆန့်ကျင်ပြီးတော့ ဖြစ်စေ ကျူးလွန်ခဲ့တာမျိူး ဖြစ်ရပါမယ်။
ကိုယ်က အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ရပြီးသား ဖြစ် ရပါမယ်။ ဝင်ခွင့် ရရှိဖို့အတွက်ဆိုရင် I-192 Form (Application for Advance Permission to Enter as a Non-Immigrant) Waiver ကို အရင်လျှောက်ထားရမှာ ဖြစ်ပါတယ်။

U Visa - Criminal Victims

U Visa အတွက် စာရင်းဝင် ဥပေဒေမဲ့ လုပ်ရပ်များ
● ပြန်ပေးဆွဲခြင်း
● လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှု
● ခြိမ်းခြောက်မှု
● အိမ်တွင်းအကြမ်းဖက်မှု
● ငွေညှစ်ခြင်း
● မှားယွင်းအကျဉ်းချခြင်း
● လိင်အင်္ဂါ ထိခိုက်စေမှု
● ရိုင်းရိုင်းစိုင်းစိုင်း စော်ကားမှု
● ဓားစာခံ
● အဓမ္မ လိင်ဆက်ဆံမှု
● ဆန္ဒအလျောက် စေခိုင်းမှု
● လူကုန်ကူးမှု
● လူသတ်မှု
● ပြည့်တန်ဆာပြုမှု
● မတော်မတရား ပြုကျင့်မှု
● လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမြတ်ထုတ်မှု
● နောက်ယောင်ခံလိုက်ခြင်း
● မတရား ညှဉ်းပမ်းနှိပ်စက်မှု
● စည်းကမ်းမဲ့ ကျူးလွန်သော ရာဇ၀တ်မှု
● အလားတူသက်ဆိုင်သော မှုခင်းများ

လျှောက်ထားမှု လုပ်ငန်းစဉ်များ

U Visa ရရှိဖို့အတွက် တင်ပြရမယ့် စာရွက်စာတမ်းတွေက -
● I-918 Form (Petition for U Nonimmigrant Status)
● Law Enforcement Agency မှ တရားဝင် ကိုယ်စားပြု သူက လက်မှတ်ထိုးပေးထားသော I-918 Form ရဲ့ Supplement B, U Nonimmigrant Status Certification ၊ ထို ကိုယ်စားပြု အနေနဲ့ ကိုယ်က မှုခင်း စုံစမ်း စစ်ဆေးရေး အတွက် အထောက်အပံ့ ဖြစ်ကြောင်း အတည်ပြုပေးဖို့ လိုအပ်ပါတယ််။
● တကယ်လို့ ကိုယ့်ကို Inadmissibility Issue လို့ ခေါ်တဲ့ ပြည်ဝင်ခွင့် မပေးတဲ့ ပြဿနာတွေ ရှိခဲ့ရင် ကိုယ့်အနေ နဲ့ I-192 Form ကို လျှောက်ထားဖို့ လိုအပ်ပါတယ်။
● ကိုယ်က ဘယ်လိုမျိုး ပြစ်မှုမှာ ပစ်မှတ်ထားခံခဲ့ ရတာနဲ့ ပတ်သက်တဲ့ Personal Statement တစ်စောင်
● Eligibility Requirement တစ်ခုချင်းစီအတွက် လိုအပ်တဲ့ သက်သေများ၊ (အသေးစိတ်ကို USCIS ရဲ့ Humanitarian Benefits Based Forms ထဲမှာ သွားရောက်လေ့လာနိုင်ပါတယ်။)

ကိုယ်က အမေရိကန်နိုင်ငံရဲ့ ပြည်ပမှာရှိနေတဲ့သူဆိုရင်တောင်မှ U Nonimmigrant Status ရရှိဖို့ လျှောက်ထားချင်တယ်ဆိုရင် -
● Vermont Service Center ဆီသို့ U Nonimmigrant Status နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ Form အားလုံးကို တင်ပြဖို့ လိုအပ်ပါတယ်။
● အနီးနားမှာရှိတဲ့ U.S. Embassy သို့မဟုတ် Consulate မှာ Fingerprint သွားနှိပ်ဖို့ Instruction လိုမျိုး Vermont Service Center မှ ပို့လာတဲ့ လမ်းညွှန်ချက်တွေအတိုင်း အားလုံး လိုက်နာရပါမယ်။
● တကယ်လို့သာ လျှောက်လွှာ Approved ဖြစ်သွားပြီ ဆိုရင်လည်း ကိုယ့်ရဲ့ အနီးနားမှာရှိတဲ့ U.S. Embassy သို့မဟုတ် Consulate မှာ Interview တစ်ခုခုဖြေဖို့ လိုအပ်ပါတယ်။
● ကိုယ်နဲ့ အနီးစပ်ဆုံး United States Embassy (သို့) Consulate အကြောင်းကို www.usembassy.gov မှာ လေ့လာနိုင်ပါတယ်။

မိသားစုဝင်များအတွက် လျှောက်ထားခြင်း
U Visa ရတဲ့သူ တစ်ယောက်နဲ့ တော်စပ်မှုရှိတဲ့ မိသားစုဝင်တွေ ကပါ Derivative U Visa လျှောက်ပိုင်ခွင့် ရှိပါတယ်။ တစ်ခု သတိပြုရမှာ ကတော့ Derivative Visa တွေ မအောင်ခင် အဓိက လျှောက်လွှာတင်ခဲ့သူက U Visa Approved ဖြစ်ထားဖို့ လိုအပ်ပါတယ်။
မိသားစုဝင် တစ်ယောက်ယောက်ကို Petition တင်ပေးဖို့ဆိုရင် Form I-918, Supplement A (Petition for Qualifying Family Member of U-1 Recipient) ကို ကိုယ့်ရဲ့ Application နဲ့အတူတူ တင်ပေးဖို့ လိုအပ်ပါတယ်။

U Visa လျှောက်ရန် ကုန်ကျငွေများ

U Nonimmigrant Status အတွက် လျှောက်လွှာ များ အားလုံးနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းများ အားလုံး ကို USCIS Vermont Service Centerဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။
U Nonimmigrant Status လျှောက်လွှာများ အားလုံး က အခမဲ့ တင်လို့ရတဲ့ Form တွေ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ပေးစရာ ငွေကြေး မရှိလို့ Fee Waiver လျှောက်ထားချင်တယ်ဆိုရင်တော့ ကိုယ်တိုင် လျှောက်စာတင်ပြီး သော်လည်းကောင်း၊ I-192 Form (Request for fee waiver)တင်ပြီး သော်လည်းကောင်း Waiver ရအောင်လျှောက်ထားနိုင်ပါတယ်။

Visa လျှောက်ထားသူတွေအနေနဲ့ U Non-Immigrant Visa ရသွားပြီဆိုရင် (၄)နှစ်အထိ အကျုံးဝင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ပါ အကြောင်းရင်းတွေကြောင့် Visa သက်တမ်းတိုးဖို့ ထပ်မံ လျှောက်ထားပိုင်ခွင့် ရှိပါတယ်။
● ဥပဒေကြောင်းအရ Law Enforcement ကြောင့် လျှောက်ခြင်း၊
● ခြွင်းချက်အခြေအနေများကြောင့် လျှောက်ခြင်း၊
● Consular Processing (ကောင်စစ်ဝန်) ဘက်မှ ကြန့်ကြာမှုကြောင့် လျှောက်ခြင်း၊
● Green Card လျှောက်ထားတုန်းဖြစ်နေခြင်း၊ Pending ဖြစ်နေခြင်း စတဲ့ အခြေအနေများကြောင့် လျှောက်ခြင်း။

● တစ်နှစ်ကို U Visa Grant ပေးနိုင်တဲ့သူ ဦးရေ အယောက် (၁၀၀၀၀) အထိဖြစ်ပါတယ်။ ဒါပေမယ့် Visa အောင်သွားတဲ့သူ တစ်ယောက်ဆီကနေ Derivative Visa အနေနဲ့ ဆင့်ကဲခေါ်လို့ရတဲ့ ဇနီးနှင့် သားသမီးအရေအတွက်တော့ ကန့်သတ်ထားတာ မရှိပါဘူး။
● U Non-Immigration Petition တွေရှိသေးပေမယ့် Visa အောင်တဲ့သူအရေအတွက်က နှစ်စဥ်ပမာဏကို ကျော်သွားပြီဆိုရင် USCIS ဘက်မှ Waiting List တစ်ခုလုပ်ပေးမှာဖြစ်ပြီး ထို Waiting List ပေါ်က သူတွေကို Deferred Action လုပ်ပေးမှာဖြစ်ပြီး နောက်ထပ် U Visa တွေမဖွင့်ပေးသေးခင် တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
● Visa တွေ ပြန်ပြီး လက်ခံပြီဆိုတဲ့ အချိန်မှာ ကိုယ်ရဲ့ လျှောက်လွှာကို လက်ခံရရှိတဲ့ အစီအစဥ်အတိုင်း ကိုယ့်ရဲ့Visa ကို ရရှိမှာဖြစ်ပါတယ်။ လျှောက်ထားသူ တွေ ဘက်မှတော့ ထွေထွေထူးထူး တခြား ဘယ် အဆင့်မှ လုပ်စရာ မလိုအပ်ပါဘူး။ Visa ရရှိမှ USCIS က ကိုယ့်ကို အကြောင်းကြား လိုက်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူများ သတိပြုရန် -
U Non-Immigrant Petition တင်ထားသူများဟာ Status Approved ဖြစ်ပြီဆိုတာနဲ့ I-765 Form (Application for Employment Authorization) ကို တင်စရာ မလိုအပ်ပဲ Employment Authorization Document ကို အလိုအလျောက် တန်းပြီး ရရှိမှာ ဖြစ်ပါတယ်။ ဒီကို လိုက်ပါလာတဲ့ Derivative မိသားစုဝင်တွေ အနေနဲ့ Employment Authorization Document ကို အလိုအလျောက်တော့ မရပေမယ့် I-765 Form ကို တင်လိုက်ပြီးတော့လည်း Employment Authorization ရယူနိုင်ပါတယ်။
I-765 Form ကို ဘယ်အချိန်ကပဲ တင်ခဲ့သည်ဖြစ်စေ U Nonimmigrant Status Petition ရဲ့ ရလဒ်တွေ ရရှိပြီးမှသာ Employment Authorization ကို Issue လုပ်ပေးမှာ ဖြစ်ပါတယ်။ USCIS က I-765 Form တင်ဖို့အတွက် Employment Authorization ရဖို့ဆိုရင် U Visa Petition တင်ပေးတဲ့သူပဲ ဖြစ်စေ၊ I-765 Form ကို တင်ဖို့ လိုအပ်ပါတယ်။ Employment Authorization အတွက် Application Form ဟာ Deferred Action အတွက် လျှောက်ထားချင်တယ်ဆိုရင် DHS က Approve လုပ်မှသာ ဆက်လို့ရမှာ ဖြစ်ပါတယ်။

reen Card လျှောက်ထားခြင်း
ကိုယ်က Green Card လျှောက်ထားဖို့အတွက်ဆိုရင် -
● U Non-Immigrant Visa နဲ့ အမေရိကန်နိုင်ငံကို ရောက်နေတာ အနည်းဆုံး (၃) နှစ် ရှိနေရပါမယ်။
● U Visa ရပြီးတည်းက Law Enforcement ကို အကူအညီ တောင်းရမယ့် အချိန်တွေမှာ အကြောင်းမဲ့ ငြင်းပယ်ခဲ့တာမျိုး မလုပ်ဖူးရပါဘူး။ Green Card ကို ကိုယ်တိုင်အတွက်ဖြစ်စေ မိသားစုဝင် တစ်ယောက် အတွက်ဖြစ်စေ လျှောက်ထားဖို့အတွက် သိထားရမှာ တွေကို USCIS ရဲ့ Green Card for a Victim of a Crime စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
● U Visa ရရှိသူဟာ Green Card ရသွားပြီးပြီဆိုရင် မိသားစုဝင်တွေအနေနဲ့ U Visa Derivative ခံစားခွင့်တွေ ရတော့မှာမဟုတ်ပေမယ့် Lawful Permanent Residence (Green Card) ရရှိ ခံစားခွင့်တွေတော့ ကျန်ရှိနေအုံးမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ U Visa အသေးစိတ်ကို USCIS Website ရဲ့ T and U Visa Extension Memorandum ဆိုတဲ့ စာမျက်နှာမှာ သွားရောက် လေ့လာနိုင်ပါတယ်။

မိသားစုဝင်များ Status ပြောင်းလဲခြင်း

ကိုယ့်ကို အမှီပြုပြီး နေထိုင်နေတဲ့ မိသားစုဝင် တစ်ယောက် ယောက်က Green Card လျှောက်ထားဖို့အတွက် Eligibility Requirement ပြည့်စုံတယ် ဆိုရင် သီးသန့် I-485 Form (Application to Register Permanent Residence or Adjust Status) များ တင်ပြီး Lawful Permanent Residence လျှောက်ထားလို့ ရပါတယ်။
အကယ်၍ ကိုယ့်ရဲ့ မိသားစုဝင်တွေဟာ U Non-Immigrant Status သော်လည်းကောင်း၊ U Visa သော်လည်းကောင်း မရဖူးဘူး ဆိုရင်တောင်မှ Green Card အတွက်
လျှောက်ထားခွင့် ရှိပါသေးတယ်။
● ပထမဆုံးအနေနဲ့ I-929 Form (Petition for Qualifying Family Member of U-1 Nonimmigrant) ကို မိသားစုဝင် တစ်ယောက်ချင်းစီ အတွက် တင်ပေးဖို့ လိုအပ်ပါတယ်။
● ကိုယ့်အနေနဲ့ I-485 Form တင်တဲ့တစ်ချိန်တည်း ဖြစ်စေ၊ တင်ပြပြီး နောက်ပိုင်းမှဖြစ်စေ I-929 Form တင်လို့ရပါပြီ။

ကိုယ့်ရဲ့ မိသားစုဝင်တွေထဲက I-929 Form အောင်ပြီး သွားပြီဆိုရင် -
● အမေရိကန်နိုင်ငံ ရောက်နေပြီးသား မိသားစုဝင်များ အနေနဲ့ Green Card လျှောက်ထားဖို့ I-485 Form ကို တင်ဖို့အတွက် လိုအပ်ပါတယ်။
● အမေရိကန်နိုင်ငံ ပြင်ပမှာရှိတဲ့ မိသားစုဝင်များဟာ Immigrant Visa ရဖို့အတွက် သက်ဆိုင်ရာ U.S. Embassy (သို့) Consulate ကို သွားဖို့ လိုအပ်ပါတယ်။ www.usembassy.gov မှာ U.S. Embassy ကို သွားရောက်ပြီး လုပ်ဆောင်ရမယ့် Procedure တွေ အဆင့်ဆင့်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
● U Visa ကို အခြေခံပြီး Lawful Permanent Resident Status အနေနဲ့ နေထိုင်ဖို့အတွက် မိသားစုဝင် တစ်ယောက်အနေနဲ့ Green Card လျှောက်ထားလို့ ရမရ ဆိုတာကို အဆုံးအဖြတ်ပေးမှာက I-929 Form ဖြစ်ပါတယ်။

သတိပြုရန်

မိသားစုဝင်တွေက Green Card တန်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ တကယ်လို့ လူတစ်ယောက်ရဲ့ မိသားစုဝင်ဟာ I-929 Form ကို Approve ရပြီးပြီ ဆိုရင်တောင်မှ Green Card မရသေးဘူး ဆိုရင် တရားဝင် အလုပ်လုပ်ခွင့် ရဦးမှာ မဟုတ်ပါဘူး။
● I-929 Form လျှောက်ရန် ကုန်ကျငွေများ
● I-929 Form လျှောက်လွှာများအားလုံးကို USCIS Vermont Service Center ဆီကို ပို့မှာ ဖြစ်ပါတယ်။
● I-929 Form တင်တဲ့အခါမှာ File တင်ခ ကုန်ကျစရိတ် တော့ ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ကျသင့်ငွေ ကို မပေးဆောင်နိုင်ဘူး ဆိုရင် I-912 Form တင်ပြီးဖြစ်စေ သီးသန့် တောင်းဆိုစာ တစ်စောင်မှ ဖြစ်စေ Fee Waiver လျှောက်ထားလို့ ရပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို Green Card for a Victim of a Crime (U Nonimmigrant) Web စာမျက်နှာမှာ သွားရောက် လေ့လာနိုင်ပါတယ်။

Previous