USIRD Connect

Second Preference - EB-2

Employment-Based Immigration: Second Preference EB-2

ကိုယ့်အနေနဲ့ Advanced Degree တစ်ခုခု သို့မဟုတ် အလားတူ တစ်မျိုးမျိုးရှိထားလျှင်၊ ဒါမှမဟုတ် တခြားသူများနဲ့ မတူတဲ့ထူးခြားစွမ်းရည် တစ်ခုခုရှိနေခဲ့ရင် Employment-based (Second Preference Visa) ရဖို့အတွက် အကျုံးဝင်ပါတယ်။ အလုပ်အကိုင် Category များ၊ လိုအပ်ချက်များ ကတော့ -

Advanced Degree ရှိမှု

ကိုယ်လျှောက်လိုက်တဲ့ အလုပ်က Advanced Degree တစ်ခုခု လိုအပ်ပြီး ကိုယ့်မှာက လိုအပ်တဲ့ Degree သို့မဟုတ် တခြား တန်းတူညီတူ Qualification တစ်ခုခု (ဥပမာ - Baccalaureate တစ်ခုခု သို့မဟုတ် Foreign Equivalent Degree တစ်ခုနဲ့ Post-Baccalaureate ၅ နှစ်သင်ခဲ့တဲ့ ပညာ၊ အလုပ်အတွေ့အကြုံ) ရှိထားမှ ရပါမယ်။ Labor Certification မှာ ပြဌာန်းထားတဲ့ထဲမှ တခြား လိုအပ်ချက်တွေလည်း ပြည့်စုံရပါမယ်။

ကိုယ့်မှာ U.S. Advance Degree သို့မဟုတ် ပြင်ပမှ Degree တစ်ခုခုရှိပြီးကြောင်း Academic Record တစ်ခုခု (သို့မဟုတ်) U.S. Baccalaureate Degree ရရှိပြီးကြောင်း Academic Record နဲ့ Baccalaureate Degree ရပြီးနောက်ပိုင်း ၅ နှစ် အလုပ် လုပ်ဖူးကြောင်း အထောက်အထားကို အလုပ်ရှင်တွေဆီမှ အတည်ပြုစာ စသည်ဖြင့် အထောက်အထားတွေ တင်ပြဖို့ လိုအပ်ပါတယ်။
တချို့အခြေအနေတွေမှာ doctoral degree မျိုး လိုအပ် လာခဲ့ရင်တော့ United States Doctorate Degree သို့ Foreign Equivalent Degree တစ်ခုခု ရှိမှရပါမယ်။

ထူးကဲစွမ်းရည်ရှိမှု

Science, Arts, နဲ့ Business တို့မှာ ထူးခြားစွမ်းရည်ရှိကြောင်း သက်သေ ပြနိုင်ရပါမယ်။ ထူးခြားတယ် လို့ ပြောတဲ့နေရာမှာ ကိုယ်က ပုံမှန် Expertise Level တစ်ခုထက် သာလွန်ပြီး တတ်ကျွမ်း ပိုင်နိုင်နေတာမျိုး ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့် အနေနဲ့ Labor Certification ပေါ်မှာ ရေးထားတဲ့ Requirement တွေ ကိုလည်း အကုန်ပြည့်စုံနေဖို့ လိုအပ်ပါတယ်။
အောက်မှာဖော်ပြမယ့် Criteria တွေထဲက အနည်းဆုံး (၃) ခု ကိုက်ညီရပါမယ်။

Criteria

● ကိုယ့်မှာ ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့အထူးပြု ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ လေ့လာမှုတွေ လုပ်နိုင်တဲ့ Institution တစ်ခုခုမှရရှိထားသော Degree, Diploma, Certificate သို့မဟုတ် တူညီသော Award တစ်မျိုးမျိုး၊ တရားဝင် Academic Record တစ်ခု
● ယခင်အလုပ်မှဖြစ်စေ လက်ရှိအလုပ်မှဖြစ်စေ အနည်းဆုံး Full-Time Experience (၁၀) နှစ်အနည်းဆုံးရှိကြောင်း အလုပ်ရှင်မှထောက်ခံပေးသော အထောက်အထား စာများ
● ကိုယ့်ရဲ့ ပိုင်နိုင်ကျွမ်းကျင်မှုကို ပြနိုင်မယ့် License သို့မဟုတ် Certification တစ်ခုခု
● ကိုယ့်ရဲ့ အရည်အချင်း ပြည့်မီမှုကို သက်သေပြ ဖို့အတွက် ပြလို့ရသော လစာ ပမာဏ (သို့) ရာထူး သက်သေ
● Professional Association များတွင်ပါဝင် ပတ်သက်မှု
● ကိုယ်ရရှိခဲ့တဲ့ Achievement တွေကို ကိုယ့်ရဲ့ Peer များ၊ Government Entity များ၊ Business နဲ့ Professional Organization များက အသိအမှတ် ပြုတဲ့အကြောင်း သက်သေ အထောက်အထား တင်ပြရပါမယ်။
● အခြား အလားတူ သက်သေ စာရွက်စာတမ်းများ

Labor Certification and Ability to Pay

Employment-based, Second-Preference Petition လျှောက်ဖို့အတွက် Application for Permanent Employment Certification ကို Department of Labor (DOL) မှ ETA Form 9089 ကနေတစ်ဆင့် ဖြည့်စွက် လျှောက်ထားနိုင်ပါတယ်။

Labor Certification and Ability to Pay

Application Process ရဲ့ ကဏ္ဍတစ်ခုအနေနဲ့ ကိုယ့်ကို အမြဲတမ်း လုပ်အားခ လစာပေးနိုင်ကြောင်း၊ ကိုယ့်အနေနဲ့ Green Card မရသေးခင်အချိန်အထိ ဆက်လက်ခန့်အပ်ထားနိုင်မှာ ဖြစ်ကြောင်း အထောက်အထား ဝန်ခံချက် တင်ပြဖို့ လိုအပ်ပါတယ်။
ဒီလို သက်သေပြနိုင်ဖို့အတွက် အလုပ်ရှင်ဘက်မှ နှစ်စဉ် ဝင်ငွေ၊ အခွန်ဆောင်ထား‌ကြောင်း Financial Statement တို့ကို အထောက်အထားအဖြစ် တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကိုယ်က USCIS ဆီမှ National Interest ကို‌တောင်းယူတဲ့ National Interest Waiver ကို လျှောက်ထားခွင့် ရှိပါတယ်။ National Interest Waiver က Job Offer ကို လိုက်လျော ပေးပြီးသားဖြစ်တာမို့ Employer ဘက်မှ အလုပ်ခန့်ထားနိုင်ခြင်း လစာပေးနိုင်ခြင်းတို့ကို တွဲပြီး သက်သေပြစရာ မလိုအပ်ပါဘူး။

General Permanent Labor Certification

Form I-140 (Petition for Alien Worker) ကို USCIS ဆီမတင်ရသေးခင်မှာ အလုပ်ရှင်အနေနဲ့ Application for Permanent Employment Certification ဆိုတဲ့ လျှောက်လွှာကို DOL (Department of Labor) ထံမှ ရယူရပါမယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ အသေးစိတ် Policy ကို Volume 6, Part E, Chapter 6, of the USCIS Policy Manual မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။.

Schedule A Blanket Labor Certification

Department of Labor မှဖော်ပြထားတဲ့အတိုင်း ထူးခြားစွမ်းရည်တွေရှိတဲ့သူတွေ နဲ့ ကျွမ်းကျင် သူနာပြုများ၊ Physical Therapist များ အတွက် အလုပ်ရှင်အနေနဲ့ ETA Form 9089 ကို USCIS ဆီ တင်ပေးဖို့ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ကို Volume 6, Part E, Chapter 7, of the USCIS Policy Manual မှာ ဖတ်ရှုနိုင်ပါတယ်။

EB2 Visa ဟာ အဆင့်မြင့်ဘွဲ့ ရ ပညာရှင်များနဲ့ သိပ္ပံ၊ အနုပညာ နှင့် စီးပွါးရေး ထူးချွန်သူများ အတွက် ရည်ရွယ်ပါတယ်။ ဒီ Visa လျှောက်ထားရာမှာ လုပ်ဆောင်ရန်အဆင့် (၂) ဆင့်ရှိပါတယ်။
ပထမအဆင့်ကတော့ Department of Labor (DOL) ကနေ Labor Certification ကိုအရင်ရယူခြင်း ဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ အလုပ်ကမ်းလှမ်းမှုကိုလိုအပ်ပြီး အလုပ်ရှင်မှ ကိုယ်ခန့်အပ်မယ့် နိုင်ငံခြားသားဝန်ထမ်း အတွက် Department of Homeland Security (DHS) မှာ I-140 form ကိုတင်သွင်းပေးရပါမယ်။
အဆိုပါနှစ်ဆင့် ပြီးဆုံးရင်တော့ Visa approved ဖြစ်တာနဲ့ အမေရိကန်နိုင်ငံ အတွင်းမှာ ဝန်ထမ်းအနေဖြင့် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

National Interest Waiver အတွက် လျှောက်ထားရန်

National Interest Waiver လျှောက်ထားလိုသူများအတွက် ကျတော့ အမေရိကန် နိုင်ငံရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေရေး အတွက် Waiver လျှောက်ထားတာ ဖြစ်တာကြောင့် USCIS ဘက်မှ Waiver လျှောက်ထားသူများကို သုံးသပ်တဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေ ၃ မျိုးနဲ့ သုံးသပ်မှာ ဖြစ်ပါတယ်။
ဒီလို National Interest Waiver လျှောက်ထားတဲ့ နေရာမှာ ကိုယ့်ဘာသာ Self-Petition လုပ်လို့ရပါတယ်။ Employer ဘက်မှ Sponsorship တောင်းဆိုဖို့ မလိုအပ်ပါဘူး။

Factors USCIS Considers for National Interest Waiver

● လျှောက်ထားတဲ့နေရာမှာ အဓိက အကြောင်းရင်းက အများကောင်းကျိုး သို့ အမျိုးသားရေးကောင်းကျိုး အတွက် ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေ ပြနိုင်ရပါမယ်။
● ကိုယ့်အနေနဲ့ ဒီရည်ရွယ်ချက် အကြောင်းရင်းကိုလည်း လက်တွေ့ အကောင်အထည် ဖော်နိုင် နေရပါမယ်။
● တစ်ဖက်က ပြန်ကြည့်ရင်လည်း ကိုယ့်ရဲ့ Job Offer အတွက်၊ Labor Certification အတွက် Requirement တွေကို သက်ညှာပေးရခြင်းဖြင့် အမေရိကန် နိုင်ငံအတွက် ကောင်းကျိုးတစ်ခုခု ဖြစ်စေရပါမယ်။

ဒီလို STEM နဲ့ Entrepreneur တွေအတွက် ရည်ရွယ်ချက်နဲ့ လာတဲ့သူများကို ဘယ်လို သဘောထားတယ် ဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို Section D of USCIS Policy Manual, Volume 6, Part F, Chapter 5, Advanced Degree or Exceptional Ability မှာ ဖတ်ရှုနိုင်ပါတယ်။

Family of EB-2 Visa Holders

ကိုယ့်ရဲ့ I-140 လျှောက်လွှာက Approved ဖြစ်သွားပြီဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အသက် (၂၁) နှစ်အောက် သားသမီး များကပါ အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ရဖို့အတွက် E-21 နဲ့ E-22 Immigrant Status တွေ အသီးသီး လျှောက်ခွင့် ရှိသွားပါပြီ။

ခြွင်းချက်အနေနဲ့ EB2 ရယူနည်း နောက်တစ်ခုကတော့ National Interest Waiver (NIW) လျှောက်ထားရန်ပဲ ဖြစ်ပါတယ်။ NIW ရဲ့ရည်ရွယ်ချက်ဟာ EB2 အုပ်စုဝင်လူများအတွက် NIW ထဲမှာပါရှိတဲ့ နယ်ပယ်တွေကို အကျိုးပြုရင်း အမေရိကန်နိုင်ငံအား တစ်ထောင့်တစ်နေရာက အကျိုးရှိစေရန်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် EB2 Visa လျှောက်ထားသူတွေဟာ အလုပ်ကမ်းလှမ်းမှု နဲ့ Labor Certification ကိုလိုအပ်ကြပေမယ့် NIW လျှောက်ထားမယ့်သူတွေ အတွက်တော့ ထိုနှစ်ချက်ကို ရှောင်ဖယ်ပြီး I-140 form ကို Self Petition ဖြင့် မိမိကိုယ်ကို ထောက်ခံကာ လျှောက်ထားလို့ ရပါတယ်။

Previous