USIRD Connect

Third Preference EB-3

mployment-Based Immigration: Third Preference EB-3

EB3 Visa အောက်မှာ အုပ်စု ၃ ခု ရှိပါတယ်။

● ပထမအုပ်စုကတော့ Skilled Workers လို့ခေါ်ပြီး သူတို့ဟာ ကမ်းလှမ်းခံရတဲ့ အလုပ်အတွက် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိဖို့လိုအပ်ပါတယ်။

● ဒုတိယအုပ်စုကတော့ Professionals လို့ခေါ်ကြပြီး သူတို့ဟာ လျှောက်ထားခံရတဲ့ အလုပ်အတွက် အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှ Bachelor ဘွဲ့ သို့မဟုတ် အခြားနိုင်ငံများမှ တန်းတူတန်ဖိုးရှိသော ဘွဲ့ကိုရ ရှိထားရန် လိုအပ်ပါတယ်။

● တတိယအုပ်စုကတော့ Other Workers (Unskilled workers) လို့ သတ်မှတ်ထားပြီး ‌အမေရိကန်ကုမ္ပဏီတစ်ခုခုဟာ သူတို့ရဲ့ လစ်လပ်‌သောအလုပ်နေရာကိုဖြည့်ဖို့ အမေရိကန်နိုင်ငံသားကို မခေါ်ယူနိုင်တဲ့အချိန်မှာ တခြားသောနိုင်ငံများမှ သက်ဆိုင်ရာ အလုပ်အတွက် အလုပ်သမားများကို ခေါ်ယူတဲ့ Visa ဖြစ်ပါတယ်။


ကိုယ်က Skilled worker, Professional (သို့) other worker စတဲ့ ၃ မျိုးထဲက တစ်မျိုးဖြစ်ပါက ဒီ Visa ကိုလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။
● ပထမအုပ်စုကတော့ Skilled Workers လို့ခေါ်ပြီး သူတို့ဟာ ကမ်းလှမ်းခံရတဲ့ အလုပ်အတွက် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိဖို့လိုအပ်ပါတယ်။
သူတို့ဟာ Job requirement အနေနဲ့ အလုပ်နဲ့ဆိုင်တဲ့ အသိပညာများ၊ Training များ၊ Experience များရှိရန် လိုအပ်ပါတယ်။ အလုပ်နဲ့သက်ဆိုင်တဲ့ Post-secondary education ကို Training အဖြစ် သတ်မှတ်နိုင်ပါတယ်။

● ဒုတိယအုပ်စုကတော့ Professionals လို့ခေါ်ကြပြီး သူတို့ဟာ လျှောက်ထားခံရတဲ့ အလုပ်အတွက် အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှ Bachelor ဘွဲ့ သို့မဟုတ် အခြားနိုင်ငံများမှ တန်းတူတန်ဖိုးရှိသော ဘွဲ့ကိုရ ရှိထားရန် လိုအပ်ပါတယ်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာရှင်တွေဖြစ်ရပါမယ်။

● တတိယအုပ်စုကတော့ Other Workers (Unskilled workers) လို့ သတ်မှတ်ထားပြီး ‌အမေရိကန် ကုမ္ပဏီတစ်ခုခု ဟာ သူတို့ရဲ့ လစ်လပ်‌သော အလုပ်နေရာကို ဖြည့်ဖို့ အမေရိကန်နိုင်ငံသားကို မခေါ်ယူနိုင်တဲ့ အချိန်မှာ တခြားသောနိုင်ငံများမှ သက်ဆိုင်ရာ အလုပ်အတွက် အလုပ်သမားများကို ခေါ်ယူတဲ့ Visa ဖြစ်ပါတယ်။ ထိုအတွက် Professional အတတ်ပညာ မလိုတဲ့ အလုပ်နဲ့ပတ်သတ်ပြီး Training နဲ့ Experience ၂ နှစ်နဲ့ အောက်ရှိဖို့ လိုအပ်ပါတယ်။

Skilled Workers

ကိုယ်က အနည်းဆုံး အလုပ်အတွေ့အကြုံ ၂ နှစ်၊ အလုပ်နဲ့ဆိုင်တဲ့ အသိပညာ သို့မဟုတ် Training တ အလုပ်သမား လက်မှတ်တွင် သတ်မှတ်ထားသည့် အလုပ်လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သက်သေပြနိုင်ရပါမယ်။

Labor Certification က ချမှတ်ထားတဲ့ Job Requirements များနဲ့ ကိုက်ညီနေတဲ့ အနည်းဆုံး အလုပ်အတွေ့အကြုံ ၂ နှစ်၊ အလုပ်နဲ့ဆိုင်တဲ့ အသိပညာ သို့မဟုတ် Training များရှိထားရန်လိုအပ်ပါတယ်။
အလုပ်နဲ့ သက်ဆိုင်တဲ့ Post-secondary education ကို Training အဖြစ် သတ်မှတ်နိုင်ပါတယ်။ Qualified ဖြစ်တဲ့ အမေရိကန် အလုပ်သမားများ လုပ်ကိုင်ဖို့ မအားလပ်တဲ့ အလုပ်များကို လုပ်ကိုင်နေရပါမယ်။ Labor certification နဲ့ အမြဲတမ်းခန့် အလုပ်ခေါ်စာ လိုအပ်ပါတယ်။


Professionals


ကိုယ်က U.S. baccalaureate (သို့) foreign equivalent degree ကဲ့သို့ ဘွဲ့ရရှိထားကြောင်း သက်သေပြရမှာဖြစ်ပြီး ထိုဘွဲ့လက်မှတ်များက အလုပ်ခွင်သို့ စတင်ဝင်ရောက်ရန် ပုံမှန်လိုအပ်ချက် တစ်ခုလိုဖြစ်နေရပါမယ်။
Qualified ဖြစ်တဲ့ အမေရိကန်အလုပ်သမားများ လုပ်ကိုင်ဖို့ မအားလပ်တဲ့ အလုပ်များ လုပ်ကိုင်ဖို့ လာရပါမယ်။
လုပ်ငန်းဆိုင်ရာ အသိပညာ နဲ့ Experience ရှိနေခြင်းက Baccalaureate degree လိုအပ်ခြင်းကို အစားထိုးနိုင်မည် မဟုတ်ပါ။ Labor Certification မှာပါရှိတဲ့ အခြားသော လိုအပ်ချက်များနဲ့လည်း ကိုက်ညီနေရပါမယ်။ Labor certification နဲ့ အမြဲတမ်းခန့် အလုပ်ခေါ်စာ လိုအပ်ပါတယ်။

Unskilled Workers (Other Workers)

Unskilled Labor ဆိုင်ရာ Training နဲ့ Experience ၂ နှစ်နဲ့ အောက်ရှိကြောင်း သက်သေပြရပါမယ်။ Qualified ဖြစ်တဲ့ အမေရိကန်အလုပ်သမားများ လုပ်ကိုင်ဖို့ မအားလပ်တဲ့ အလုပ်များ လုပ်ကိုင်ဖို့ လာရပါမယ်။ Labor Certification မှာပါရှိတဲ့ အခြားသော လိုအပ်ချက်များနဲ့လည်း ကိုက်ညီနေရပါမယ်။
Labor certification နဲ့ အမြဲတမ်းခန့် အလုပ်ခေါ်စာ လိုအပ်ပါတယ်။

U.S. Department of Labor – Labor Certification
Third preference အသနားခံစာ ဖြည့်စွက်ရာမှာ ETA-9089 ကို ဖြည့်ပြီး Department of Labor မှ ရရှိထားတဲ့ Approved ဖြစ်ပြီးသား Labor certification ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
တချို့ အခြေအနေတွေမှာတော့ Certified မဖြစ်တဲ့ ETA-9089 နဲ့ အတူ U.S. Citizenship and Immigration Service (USCIS) သို့ အသနားခံစာ ပေးပို့လျှောက်ထားနိုင်ပါတယ်။
Application Process
ကိုယ့်အတွက် အသနားခံစာ လျှောက်ပေးသူ အလုပ်ရှင်က I-140 Form ကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ လျှောက်လွှာ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့၊ ကိုယ့်အလုပ်ရှင်က Priority Date အတိုင်း ကမ်းလှမ်းထားတဲ့ လုပ်အားခကို ဆက်လက် ပေးချေနိုင်မှုကို သက်သေပြနိုင်ရပါမယ်။
ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခကို ဆက်လက် ပေးဆောင်နိုင်ကြောင်း ကို သက်သေပြဖို့ Annual report များ၊ Federal Income Tax Return များ (သို့) Audited Financial Statement များကို အသုံးပြုလို့ရပါတယ်။

Family of EB-3 Visa Holders

ကိုယ်လျှောက်ထားတဲ့ I-140 အသနားခံစာက approved ဖြစ်ပါက ကိုယ့်ရဲ့ အိမ်ထောင်ဖက်က E34 (skilled worker သို့ professional တစ်ယောက် ရဲ့ အိမ်ထောင်ဖက်) အနေနဲ့ သော်လည်းကောင်း၊ EW4 (other worker တစ်ယောက်ရဲ့ အိမ်ထောင်ဖက်) အနေနဲ့ သော်လည်းကောင်း အမေရိကန် ပြည်ဝင်ခွင့်ကို လျှောက်ထားခွင့် ရှိမှာဖြစ်ပြီး လက်မထပ် ရသေးသော အသက် ၂၁ အောက် သားသမီးများကတော့ E35 (skilled worker သို့မဟုတ် professional တစ်ယောက်ရဲ့ သားသမီး) အနေနဲ့သော်လည်းကောင်း၊ EW5 (other worker တစ်ယောက်ရဲ့ သားသမီး) အနေနဲ့သော်လည်းကောင်း စသဖြင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။




Previous