USIRD Connect

Fourth Preference - EB-4

ကိုယ်က Special immigrant ဖြစ်ပါက fourth preference (EB-4) visa ကို လျှောက်ထားနိုင်ပါတယ်။ Fourth preference Visa ကိုလျှောက်ထားနိုင်တဲ့ Special Immigrant များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
● Religious workers, Special Immigrant Juveniles, Broadcasters များ
● G-4 International Organization မှ ဝန်ထမ်းများ (သို့) အငြိမ်းစား၊ NATO-6 ဝန်ထမ်း မိသားစုဝင်များ
● ပြည်ပ ရောက်နေသော US government ရဲ့ ဝန်ထမ်းများ နဲ့ သူတို့ရဲ့ မိသားစုဝင်များ
● US Armed forces အဖွဲ့ဝင်များ
● Panama Canal company (သို့) Canal Zone Government ဝန်ထမ်းများ
● ၉ ရက် January လ ၁၉၇၈ မှစ၍ လိုင်စင် ရထားသော သမားတော်များနဲ့ ဆေးပညာ လေ့လာနေဆဲ ဆရာဝန်များ
● S Non-Immigrant များ

EB4 Visa ဟာ ထူးထူးခြားခြားအနေနဲ့ Petition for Amerasian, Widow(er), or Special Immigrant လို့ခေါ်တဲ့ I-360 form ကိုအရင်ဖြည့်ပြီးမှ လျှောက်ထားနိုင်တဲ့ Visa အမျိုးအစားပဲ ဖြစ်ပါတယ်။ Department of Labor (DOL) ကနေ Labor Certification မလိုအပ်ပဲ လျှောက်ထားနိုင်သလို သတ်မှတ်ထားတဲ့ Special Immigrant တွေသာ လျှောက်ခွင့်ရတဲ့ Visa ပုံစံမျိုးလဲ ဖြစ်ပါတယ်။ ဒီ Visa ဟာ အုပ်စုအများကြီး ပါဝင်နေတာမို့ လူသိအများဆုံး သုံးခုကိုပဲ အဓိကထား ရှင်းပြ ပေးသွားပါမယ်။

နံပါတ် ၁ - Religious Workers ဘာသာရေးအုပ်စု
ဒီအုပ်စုဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှု ပြုလုပ်ဖို့ ဝင်ရောက်လာသူတွေအတွက် ဖြစ်ပါတယ်။ အဆိုပါ အုပ်စုအတွင်းမှာ ပါဝင်သူတွေဟာ ဓမ္မဆရာများ၊ ပုရောဟိတ်များ၊ ပုပ်ရဟန်းများနှင့် သာသနာ့ ဝန်ထမ်းများ ဖြစ်ကြပါတယ်။

နံပါတ် ၂ - Broadcasters
ဒီအုပ်စုအတွင်းက လူများဟာ နိုင်ငံတကာ ရုပ်သံလွှင့် အဖွဲ့အစည်းတွေက အလုပ်ခန့်အပ်ထားပြီး အမေရိကန်နိုင်ငံမှာလည်း အသံလွှင့်သူအနေနဲ့ လုပ်ကိုင်ရန် ရောက်ရှိလာသော နိုင်ငံခြားအလုပ်သမားများ ဖြစ်ပါတယ်။

နံပါတ် ၃ - Iraqi and Afghan Translator/Interpreters
ဒီအုပ်စုကတော့ အမေရိကန်စစ်တပ်ကို တိုက်ရိုက် အလုပ်လုပ်ပေးခြင်း သို့မဟုတ် Chief of Mission Authority မှာ အနည်းဆုံး ၁ နှစ် စကားပြန်လုပ်ပေးထားခြင်း ရှိပါက အမေရိကန်နိုင်ငံတွင် Green Card ရရှိရန် အသိအမှတ်ပြု အခွင့်အရေးပေးထားခံရသူများ အတွက် ဖြစ်ပါတယ်။

Employment-Based Fourth Preference Immigrant အတွက် အသနားခံစာ လျှောက်ခြင်း

Employment-based Fourth Preference Subcategories အတွင်း အကျုံးဝင်တဲ့ Amerasian, Widow(er) (သို့) Special Immigrant လိုသူများအတွက် ကိုယ့်ရဲ့ အလုပ်ရှင်က Form I-360 ကို လျှောက်ပေးရပါမယ်။ ဒါတွေကလွဲပြီး ကျန်တဲ့ Subcategories အတွက်တွေကတော့ မိမိကိုယ်တိုင် အသနားခံစာတင်ရပါမယ်။ အခြား categories များအတွက် I-360 Form မလိုအပ်ပါ။

Family of EB-4 Visa Holders

EB-4 Visa ရဲ့ တချို့အမျိုးအစား တွေမှာဆိုလျှင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လက်မထပ်ရသေးသော အသက် ၂၁ အောက် သားသမီးများကို US မြေသို့ ခြေချခွင့်ပေးမှာ ဖြစ်ပါတယ်။

Certain Broadcasters

Immigration and Nationality Act ရဲ့ sections 101(a)(27)(M) နဲ့ 203(b)(4) section အရ (ယခင်က United States Broadcasting Board of Governors ဟု နာမည်တွင်ခဲ့ဖူးသော) United States Agency for Global Media (USAGM) (သို့) USAGM ရဲ့ grantee တစ်ဦးက ကိုယ့်ကို USAGM အတွက် broadcaster အနေနဲ့ (သို့) USAGM ရဲ့ grantee တစ်ဦး အနေနဲ့ အမေရိကားတွင် အလုပ်လုပ်ရန် ကိုယ့်အတွက် (ကိုယ်ရဲ့အိမ်ထောင်ဖက်နဲ့ သားသမီးများ အတွက်ပါ) အသနားခံစာ လျှောက်ထားပေးနိုင်ပါတယ်။ ဒီ အပိုင်းအတွက် အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
● “USAGM grantee” ဆိုတာ Radio Free Asia, Inc (RFA) (သို့) Radio Free Europe/Radio Liberty, Inc. (RFE/RL) စသော အဖွဲ့အစည်းများကို ရည်ညွှန်းပြီး
● “Broadcaster” ကတော့ သတင်းထုတ်လွှင့်မှု အတွက် သတင်းထောက်၊ စာရေးဆရာ၊ ဘာသာပြန်၊ တည်းဖြတ်သူ၊ ထုတ်လုပ်သူ၊ သတင်းကြေညာသူများ အပြင် သတင်းထုတ်လွှင့်မှု၊ သတင်းခွဲခြမ်းစိတ်ဖြာမှု၊ အယ်ဒီတာအဖွဲ့နဲ့ အခြားထုတ်လွှင့်မှု အင်္ဂါရပ်များ အတွက် လက်ခံဆောင်ရွက်ပေးသူများ သို့မဟုတ် သတင်း ခွဲခြမ်းစိတ်ဖြာမှု ကျွမ်းကျင်သူများကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒီ “Broadcasters” အုပ်စုများထဲတွင် USAGM သို့မဟုတ် USAGM grantee အတွက် technical (သို့) support services သီးသန့် လုပ်ဆောင်နေတဲ့ နိုင်ငံသားမဟုတ်သူများ မပါဝင်ပါဘူး။

USAGM (သို့မဟုတ် USAGM grantee) က ကိုယ့်အစား I-360 Form တင်ပေးတဲ့အခါ ထိုသူများက ကိုယ့်အတွက် အောက်ပါ အချက်အလက်များပါရှိတဲ့ ထပ်လောင်း အတည်ပြုချက်များကို လက်မှတ်၊ ရက်စွဲ နဲ့တကွ ပြုလုပ်ပေးရပါမယ်။

● ကိုယ့်ရဲ့ Job title နဲ့ Job descripion အပြည့်အစုံ၊
● ကိုယ်ရမဲ့ Position နဲ့ ပတ်သက်တဲ့ တာဝန်တွေကို ကိုယ် ဘယ်လောက်ကြာကြာ လုပ်ခဲ့ ဖူးကြောင်း အပါအဝင် ကိုယ့်ရဲ့ Broadcasting Expertise များ (သို့) ကိုယ့်မှာ Broadcasting နဲ့ ဆိုင်တဲ့ ရာထူး အတွက် Qualified ဖြစ်စေပြီး လိုအပ်တဲ့ အရည်အချင်းများ ကိုယ့်မှာ ရှိပုံကို ဖော်ပြထားသော စာရွက်စာတမ်း။


Previous