USIRD Connect

EB-5 Immigrant Investor Program

EB-5 Immigrant Investor Program

EB5 visa ဟာ Immigrant Investors လို့ခေါ်တဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် ဖြစ်ပါတယ်။
၎င်းတို့ဟာ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုခုကို ရင်းနှီးမြှုပ်နှံပြီး အရည်အချင်းပြည့်မှီသော US အလုပ်သမားများ အတွက် အနည်းဆုံး အချိန်ပြည့်အလုပ် ၁၀ ခု ဝန်းကျင်ကို စီစဉ်ပေးခြင်းဖြင့် EB5 Visa ကိုလျှောက်ထားနိုင်ပါတယ်။

EB-5 Program ကို စီမံခန့်ခွဲတာ USCIS ပဲ ဖြစ်ပါတယ်။ ဒီ Program မှာ investor များနဲ့ (သူတို့ရဲ့ အိမ်ထောင်ဖက်များနဲ့ လက်မထပ်ရသေးသော အသက် ၂၁ အောက် သားသမီးများ) ဟာ အောက်ပါ အချက်အလက်များနဲ့ ကိုက်ညီပါက Green Card လျှောက်ထားနိုင်ပါတယ်။
အမေရိကားရှိ Commercial Enterprise များတွင် လိုအပ်တဲ့ investment တစ်ခုကိုပြုလုပ်ထားခြင်း
Qualified ဖြစ်တဲ့ US worker များအတွက် အမြဲတမ်းခန့် Full time အလုပ် ၁၀ ခု ဖန်တီးဖို့ စီစဥ်ထားခြင်း
ဒီ Program က Employment-based Fifth Preference visa ကို အစွဲပြု၍ EB-5 ဟု ခေါ်ရခြင်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွင် Congress လွှတ်တော်က ပြည်ပမှ Investor များ ဖန်တီး ပေးသော အလုပ်အကိုင် အခွင့်အလမ်းများနဲ့ Capital Investment ကနေ US စီးပွားရေးကို တိုးတက် ကြီးပွားဖို့အတွက် EB-5 Program ကို ဖန်တီးခဲ့ပါတယ်။

၁၉၉၂ တွင် Congress လွှတ်တော်က Regional Center Program လို့လည်းသိထားတဲ့ Immigrant Investor Program ကို ဖန်တီး ခဲ့ပြန်ပါတယ်။ ထို Program က USICS မှ approved ရထားတဲ့ Regional Center များနဲ့ ဆက်စပ်လျက်ရှိတဲ့ Commercial Enterprise များတွင် ရင်းနှီးမြှုပ်နှံသူများအတွက် EB-5 Visa များကို ထုတ်ပေးပါတယ်။ ဤနည်းအားဖြင့် US Economic ကို ပိုမို တိုးတက် ကြီးပွားနိုင်ရန် ရည်ရွယ်ပါတယ်။

EB-5 program ကို Rule အသစ်များနဲ့ ပြန်လည် ပြင်ဆင်ထားပုံမှာ -
● တချို့သော EB-5 Investor များကို Priority Date Retention စီစဥ်ပေးခြင်း
● ငွေကြေးဖောင်းပွမှု အတွက် ရင်းနှီးမြှုပ်နှံရမဲ့ အနည်းဆုံး ပမာဏ ကို တိုးမြှင့်ခြင်း၊
● အချို့သော Targeted Employment Area (TEA) သတ်မှတ်ခြင်းအတွက် စံနှုန်းများကို မြှင့်တင်ခြင်း
● Permanent residence များရဲ့ Removal of Conditions အတွက် USCIS လုပ်ထုံး လုပ်နည်းများ ကို ရှင်းလင်းဖော်ပြခြင်း၊ နဲ့
● အခြားသော technical ပိုင်းနဲ့ လိုက်လျော ညီညွှတ်တဲ့ revision များကို ဆောင်ရွက်ခြင်း

Priority date retention

အချို့သော Immigrant investor များဟာ အသနားခံစာအသစ်တင်ရာတွင် ယခင်က အတည်ပြုထားတဲ့ EB-5 အသနားခံစာရဲ့ ဦးစားပေးရက်စွဲကို ဆက်လက်ထိန်းသိမ်း ထားရပါမယ်။

Increased minimum investments

Standard minimum investment ပမာဏဟာ ငွေကြေးဖောင်းပွမှု အရ (ဒေါ်လာ ၁ သန်းမှ) ဒေါ်လာ ၁.၈ သန်း သို့ တိုးလာပါတယ်။
TEA တစ်ခုတွင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှုဟာ ငွေကြေးဖောင်းပွမှု အရ (ဒေါ်လာ ၅၀၀,၀၀၀ မှ) ဒေါ်လာ ၉၀၀,၀၀၀ သို့ တိုးလာပါတယ်။
နောက်နောင် ပြင်ဆင်ပြောင်းလဲမှုများဟာလည်း ငါးနှစ် တစ်ခါ ဖြစ်ပေါ်နေမှာဖြစ်ပြီး ငွေကြေး ဖောင်းပွမှု (per the Consumer Price Index for All Urban Consumers ဆိုတဲ့ CPI-U တွက်ချက်နည်း) အပေါ် မူတည်နေမှာ ဖြစ်ပါတယ်။

Targeted employment area (TEA) designations

● အခုဆိုရင် အလုပ်လက်မဲ့မြင့်မားတဲ့ အလုပ်အကိုင်နေရာများ TEAs ကို ကျွန်တော်တို့ USCIS ကိုယ်တိုင် စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပြီး ပြည်နယ်နှင့် ဒေသန္တရအစိုးရများမှ သတ်မှတ်ထားတဲ့ Targeted Employment Area (TEA) သတ်မှတ်ချက်များကို လက်ခံတော့မည်မဟုတ်ပါ။
● ယခုဆိုလျှင် Commercial Enterprise အသစ်က စီးပွားရေး စတင်လည်ပတ်နေပါက ၄င်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အနီးပတ်ဝန်းကျင် နယ်ပယ်များဟာလည်း Specially designated ဖြစ်ပြီး အလုပ်လက်မဲ့ မြင့်မားတဲ့ TEA နယ်ပယ်များ အတွင်းတွင် ပါဝင်မှာဖြစ်ပါတယ်။
● လူဦးရေ 20,000 သို့မဟုတ် ထိုထက်ပိုသောမြို့ကြီးများ၏ပြင်ပတွင် အလုပ်လက်မဲ့နှုန်းဟာ တစ်နိုင်ငံလုံးပျမ်းမျှထက် အနည်းဆုံး ၁၅၀% ပိုများနေပါက ထိုကဲ့သို့ မြို့များကို Targeted Employment Area (TEA) အဖြစ် သတ်မှတ်နိုင်ပြီဖြစ်ပါတယ်။
● ဒီလိုပြောင်းလဲမှုတွေက အမှန်တကယ် လိုအပ်သော နေရာများသို့ ရင်းနှီးငွေများ ရောက်ရှိကြောင်း သေချာစေမည် ဖြစ်ပြီး ဘယ်လိုနေရာတွေမှာ အလုပ်လက်မဲ့များ မြင့်မားနေမှာကို ဆုံးဖြတ်ရာ၌ ပိုမို တိကျစေမှာ ဖြစ်ပါတယ်။

Clarified procedures for the removal of conditions on permanent residence

● Rule အသစ်မှာ Derivative Family member များဖြစ်သူ (ဥပမာ - တစ်စုံတစ်ယောက်ရဲ့ benefit ကြောင့် Immigration Status ရလာတဲ့ အိမ်ထောင်ဖက် နဲ့ သားသမီးများ) ဟာ သူတို့ရဲ့ Permanent residence status ကို ဆက်လက် ထိန်းသိမ်းဖို့ သီးခြားစွာ ဆက်လက် လျှောက် ထားရန် လိုအပ်ပါတယ်။
● Rule အသစ်မှာ Interview location အတွက် ပြောင်းရ ပြင်ရ လွယ်ကူလာပြီး၊
● Rule အသစ်မှာ Green Card များ ထုတ်ပေးခြင်း အတွက် လက်ရှိ Process ကို သုံးသပ်ဖို့ Regulations များကို Update လုပ်ထားပါတယ်။

Previous