Visa ပြောင်းလဲခြင်း (သို့) သက်တမ်းတိုးခြင်း
Visa အမျိုးအစားတစ်ခုနဲ့ အမေရိကန်နိုင်ငံထဲ ရောက်သွားပြီး နောက်မှ Status ကို ပြောင်းလဲ သက်တမ်းတိုးလိုတယ် ဆိုပါက (ဥပမာ - အလည်အပတ် Visa မှ ကျောင်းသား Visa အဖြစ်သို့ ကူးပြောင်းမယ်ဆိုလျှင်) USCIS ဆီသို့ Visa ပြောင်းလဲခြင်း (သို့) သက်တမ်းတိုးခြင်း လျှောက်ထား ရမှာ ဖြစ်ပါတယ်။
လက်ရှိ Visa သက်တမ်းမကုန်ခင်မှာ I-539 Form ဖြည့်သွင်းပြီး
Visa ပြောင်းလဲခြင်း ဒါမှမဟုတ် သက်တမ်းတိုးခြင်းအတွက် တောင်းဆိုနိုင်ပါတယ်။ Status ပြောင်းနေဆဲ ကာလမှာ တရားဝင်နေထိုင်ခြင်း (Lawful Presence) ကို ထိန်းသိမ်းထားဖို့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်း စည်းကမ်း များကို သေချာလေ့လာ လိုက်နာရန်အရေးကြီးပါတယ်။