USIRD Connect

First Preference - EB-1

နံပါတ် ၁ - Extraordinary Ability Category
EB1 ရဲ့ ပထမဆုံး Preference ဟာ Sciences, Arts, Education, Business နဲ့ Athletics နယ်ပယ်တွေမှာ တမူထူးခြားတဲ့ အရည်အချင်း ပိုင်ဆိုင်ထားသူတွေ အတွက် သတ်မှတ်ထားတဲ့ Visa ဖြစ်ပါတယ်။ ဒီ Visa ကို ရရှိဖို့ ဆိုလျှင် သက်ဆိုင်ရာ နယ်ပယ်မှာ နိုင်ငံတွင်း (သို့) ကမ္ဘာ့အသိအမှတ်ပြု ဆုတွေ၊ ထိုနယ်ပယ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေ ဆီက အသိအမှတ်ပြု ခံထားရမှုတွေကို သက်သေပြဖို့ လိုအပ်ပါတယ်။
အဆိုပါ လူတွေဟာ အမေရိကန် အလုပ်ရှင်ဆီကနေ အလုပ်ခန့်အပ်စာ တင်ပြဖို့ မလိုအပ်သလို မိမိကိုယ်ကို ပြန်လည် ထောက်ခံခြင်းလည်း ပြုလုပ်နိုင်ပါတယ်။
Employment-Based, First-Preference Visa ကို လျှောက်ထား နိုင်ရန် ကိုယ်က နိုင်ငံသား မဟုတ်သူ၊ သာလွန်ထူးကဲသော အရည်အချင်း ရှိတဲ့
● Professor,
● Researcher,
● Multinational Executive (သို့) Manager
ဖြစ်ဖို့ လိုအပ်ပါတယ်။
ဖော်ပြပါ ပညာရှင်များဟာ ဆက်လက်ဖော်ပြသွားမယ့် လျှောက်ထားခွင့် စံချိန်စံနှုန်းများ နဲ့ ကိုက်ညီရပါမယ်။

လျှောက်ထားခွင့်စံနှုန်းများ
၁ - သာလွန်ထူးကဲသော ပညာရှင်များ
EB1 ရဲ့ ပထမဆုံး Preference ဟာ Sciences, Arts, Education, Business နဲ့ Athletics နယ်ပယ်တွေမှာ တမူ ထူးခြားတဲ့ အရည်အချင်း ပိုင်ဆိုင်ထားသူများ၊ နိုင်ငံတွင်း (သို့) ကမ္ဘာ့အသိအမှတ်ပြု ခံရသော ပုဂ္ဂိုလ်များ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် (၁၀) ချက်ထဲမှ အနည်းဆုံး (၃) ချက် နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး ထိုသို့ မကိုက်ညီ ပါကလည်း ပုလစ်ဇာဆု၊ အော်စကာဆု၊ အိုလံပစ် ဆုတံဆိပ် စသော အောင်မြင်မှု အထိမ်းအမှတ်များ၊ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း သက်သေ အထောက်အထားများကို တင်ပြရန် လိုအပ်ပါတယ်။
လျှောက်ထားရာတွင် အလုပ်ကမ်းလှမ်းစာ နဲ့ Labor Certification ကို တင်ပြရန် မလိုအပ်ပါ။
သာလွန်ထူးကဲသော ပညာရှင်ဖြစ်ကြောင်း ကို သက်သေပြရန်
● ပြည်တွင်းပြည်ပ အသိအမှတ်ပြု ဆုများ (သို့) အခြားသော ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ခံရမှု အထောက်အထား
● ထူးချွန်သောသူများ နှင့် ဖွဲ့စည်းထားသော အသင်း အဖွဲ့များတွင် ပါဝင်ကြောင်း အထောက်အထား
● သတင်း မီဒီယာများ တွင် ကိုယ့်အကြောင်းကို ဖော်ပြရေးသားထားသော အထောက်အထားများ
● အကဲဖြတ်ဒိုင် အဖြစ် တာဝန်ယူရန် ကမ်းလှမ်းခံရမှု အထောက်အထားများ
● သိပ္ပံ၊ ပညာရေး၊ အနုပညာ၊ အားကစား (သို့) စီးပွားရေး နယ်ပယ်များတွင် ပံ့ပိုးခဲ့ကြောင်း အထောက်အထား
● သတင်း မီဒီယာများတွင် ပညာရေး ဆောင်းပါးများ ရေးသားဖော်ပြခဲ့ကြောင်း အထောက်အထား
● အနုပညာပြပွဲများတွင် ကိုယ့်ရဲ့ လက်ရာများကို ပြသခဲ့ကြောင်း အထောက်အထားများ
● ထင်ရှားကျော်ကြားသော အဖွဲ့အစည်းများတွင် ဦးဆောင်သူ (သို့) အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း အထောက်အထား
● ကိုယ်က နယ်ပယ်တစ်ခုထဲမှ အခြားပညာရှင်များထက် သိသိသာသာ လစာ ပိုမိုရရှိကြောင်း အထောက်အထား
● အနုပညာ ဖျော်ဖြေရေးနယ်ပယ်မှာ စီးပွားရေးအရ အောင်မြင်ကြောင်း အထောက်အထား

နံပါတ် ၂ - Outstanding Professors and Researchers (ထူးချွန်သော သုတေသီများနှင့် ပါမောက္ခများ)

သက်ဆိုင်ရာ ပညာရေး နယ်ပယ် တစ်ခုခုမှာ ကမ္ဘာ့ အသိအမှတ်ပြု ဆုတွေကို အထောက်အထားအနေနဲ့ တင်ပြနိုင်ရပါမယ်။ ထိုနယ်ပယ် အတွင်းမှာ စာတမ်းပြုစုခြင်း (သို့) စာသင်ဖူးတဲ့ အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရပါမယ်။
အမေရိကန် နိုင်ငံရှိ တက္ကသိုလ်များ၊ IHE ကျောင်းများ (သို့) Private Employer ထံမှာ သုတေသီ (သို့) အသင်အပြ ဆရာ တစ်ယောက် အနေနဲ့ ဝင်ရောက်လုပ်ကိုင် ရပါမယ်။
လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် (၁၀) ချက်ထဲမှ အနည်းဆုံး (၂) ချက်နဲ့ ကိုက်ညီဖို့ လိုအပ်ပြီး အမေရိကန် အလုပ်ရှင်ထံမှ အလုပ်ကမ်းလှမ်းစာ တင်ပြနိုင်ရပါမယ်။ Private Employer က ကိုယ့်ရဲ့ ဆုတွေ၊ အောင်မြင်မှုဆိုင်ရာ မှတ်တမ်း အချက်အလက်များနဲ့ အနည်းဆုံး သုတေသီ (၃) ယောက်ကို အချိန်ပြည့် ဝန်ထမ်း အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း အထောက်အထား ပြနိုင် ရပါမယ်။
လျှောက်ထားရာတွင် Labor certification မလိုအပ်ပါ။
ထူးချွန်သော သုတေသီ (သို့) ပါမောက္ခ ဖြစ်ကြောင်း ကို သက်သေပြရန်
● ထူးချွန်အောင်မြင်မှုအတွက် အဓိကဆုများ (သို့) ဆုလက်ခံရရှိသည့် အထောက်အထား
● ထူးချွန် အောင်မြင်မှုကို သက်သေပြရန် အသင်း အဖွဲ့များ တွင် အဖွဲ့ဝင်များ လိုအပ်သည့် အသင်း ဝင်ခြင်း ဆိုင်ရာ အထောက်အထားများ
● ပညာရေးနယ်ပယ်တွင် နိုင်ငံသား မဟုတ်သူများရဲ့ အလုပ်နှင့် ပတ်သက်ပြီး အခြားသူများ ရေးသားသော Professional စာပေများ ထုတ်ဝေမှု အထောက်အထားများ
● အဖွဲ့တစ်ဖွဲ့တွင် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ၊ တူညီသော သို့ ဆက်စပ်နေသော ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် အခြားသူများ၏ လုပ်ဆောင်မှုကို အကဲဖြတ်သူ အဖြစ် ပါဝင်ခြင်းဆိုင်ရာ အထောက်အထား
ထူးချွန်သော သုတေသီ (သို့) ပါမောက္ခ ဖြစ်ကြောင်း ကို သက်သေပြရန်
● ကိုယ့်ရဲ့ နယ်ပယ်တွင် ကိုယ်တိုင်ပြုစုထားသော Scientific Research (သို့) Scholarly Research အထောက်အထား
● နိုင်ငံတကာတွင် ဖြန့်ဝေနေသော ပညာတော်သင် ဂျာနယ်များထဲရှိ ပညာရပ်ဆိုင်ရာ စာအုပ်များ သို့ ဆောင်းပါးကဲ့သို့ အထောက်အထား

ဒီ Preference ကတော့ သုတေသနနှင့် ပညာရေး နယ်ပယ်မှာ နိုင်ငံတကာအသိအမှတ်ပြုခံထားရတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ ထိုသူတွေဟာ အမေရိကန်နိုင်ငံမှာ သုတေသနပြုမှုတွေကို ဆက်လက်လုပ်ကိုင်ဖို့ EB1 Visa လျှောက်မယ်ဆိုလျှင် အနည်းဆုံး သုံးနှစ်အတွေ့အကြုံရှိတဲ့ စာသင်ပြမှု သို့မဟုတ် သုတေတနပြုလုပ်မှု သက်သေများနဲ့တကွ အမေရိကန်တက္ကသိုလ်၊ ကောလိပ်၊ အလုပ်ရှင်တွေဆီကနေ အလုပ်ကမ်းလှမ်းမှု လိုအပ်ပါတယ်။


နံပါတ် ၃ - Multinational Managers or Executives

ဒီ Preference မှာ ပါဝင်သူတွေကတော့ ပြည်ပနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေမှာ Manager အဖြစ်အနည်းဆုံး တစ်နှစ် လုပ်ကိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ အလုပ်ခေါ်ယူ ကမ်းလှမ်းခံရတဲ့ သူတွေပဲ ဖြစ်ပါတယ်။
ကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ I-140 Form Sponsorship နဲ့အတူ သူတို့အလုပ်မှာ ဒီဝန်ထမ်းကို အမှန်တကယ် လိုအပ် နေကြောင်း သက်သေတွေ တင်ပြပေးဖို့ လိုအပ်ပါတယ်။

ကိုယ်က Visa လျှောက်လွှာကို မတင်သွင်းမီ သုံးနှစ်အတွင်း အနည်းဆုံးတစ်နှစ်တွင် US ပြင်ပတွင် အလုပ်လုပ်ရန် လိုအပ်ပြီး သို့မဟုတ်ပါက ကိုယ်က Lawful Non-Immigrant အနေနဲ့ ကိုယ့်အတွက် Visa တင်ပေးတဲ့ အမေရိကန် အလုပ်ရှင်အတွက် အလုပ်လုပ်နေဆဲဖြစ်ရန် လိုအပ်ပါတယ်။
US အလုပ်ရှင်က အနည်းဆုံး တစ်နှစ် လုပ်ငန်းတွင် လုပ်ကိုင် နေရန် လိုအပ်ပြီး၊ သူကိုယ်တိုင် US ပြင်ပမှာ ကိုယ် လုပ်ကိုင် ခဲ့တဲ့ ကုမ္ပဏီနဲ့ တရားဝင်ချိတ်ဆက်မှု ရှိရမဲ့အပြင် ကိုယ့်ကို Manager သို့မဟုတ် Executive ကဲ့သို့ အဆင့်မြင့် ရာထူးတစ်ခု ခန့်အပ်ဖို့ ရည်ရွယ်ထားရပါမယ်။
ကိုယ့်ကို Visa လျှောက်ပေးတဲ့ အလုပ်ရှင်က US မှ အလုပ်ရှင်ဖြစ်ရန်လိုအပ်ပြီး ကိုယ့်ကို Manager သို့မဟုတ် Executive ကဲ့သို့ အဆင့်မြင့်ရာထူးတစ်ခု ခန့်အပ်ဖို့ ရည်ရွယ်ထားရပါမယ်။ ထို US အလုပ်ရှင်က အနည်းဆုံး တစ်နှစ် လုပ်ငန်းတွင် လုပ်ကိုင်နေရန် လိုအပ်ပြီး၊ သူကိုယ်တိုင် US ပြင်ပမှာ ကိုယ် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီနဲ့ တရားဝင်ချိတ်ဆက်မှုရှိရပါမယ်။ Labor certification မလိုအပ်ပါ။

ဒီ Preference မှာ ပါဝင်သူတွေကတော့ ပြည်ပနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေမှာ Manager အဖြစ်အနည်းဆုံး တစ်နှစ် လုပ်ကိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ အလုပ်ခေါ်ယူ ကမ်းလှမ်းခံရတဲ့ သူတွေပဲ ဖြစ်ပါတယ်။
ကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ I-140 Form Sponsorship နဲ့အတူ သူတို့အလုပ်မှာ ဒီဝန်ထမ်းကို အမှန်တကယ် လိုအပ် နေကြောင်း သက်သေတွေ တင်ပြပေးဖို့ လိုအပ်ပါတယ်။

Extraordinary Ability ကို သက်သေပြရန် လိုအပ်ချက်များ

** Examples of Documentary Evidence That a Person is an Outstanding Professor or Researcher
ကိုယ်က ထူးချွန်သော ပါမောက္ခ သို့မဟုတ် သုတေသီ တစ်ဦးဖြစ်ကြောင်း သက်သေပြရန်အတွက် အောက်တွင် ဖော်ပြထားသော သတ်မှတ်ချက် ၆ ခုအနက် ၂ ခု၏ အထောက်အထားများ (သို့မဟုတ် စံသတ်မှတ်ချက်များနဲ့ ချက်ချင်း မကိုက်ညီနိုင်ပါက ယှဉ်ပြနိုင်သော အထောက်အထားများ) နဲ့ကိုက်ညီဖို့ လိုအပ်ပါတယ်။

● ထူးချွန်အောင်မြင်မှုအတွက် အဓိကဆုများ သို့ ဆုလက်ခံရရှိသည့် အထောက် အထား
● ထူးချွန် အောင်မြင်မှုကို သက်သေပြရန် အသင်း အဖွဲ့များ တွင် အဖွဲ့ဝင်များ လိုအပ်သည့် အသင်း ဝင်ခြင်း ဆိုင်ရာ အထောက်အထားများ
● ပညာရေးနယ်ပယ်တွင် နိုင်ငံသား မဟုတ်သူများရဲ့ အလုပ်နှင့် ပတ်သက်ပြီး အခြားသူများ ရေးသားသော Professional စာပေများ ထုတ်ဝေမှု အထောက်အထားများ
● အဖွဲ့တစ်ဖွဲ့တွင် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ၊ တူညီသော သို့ ဆက်စပ်နေသော ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် အခြားသူများ၏ လုပ်ဆောင်မှုကို ● အကဲဖြတ်သူ အဖြစ် ပါဝင်ခြင်းဆိုင်ရာ အထောက်အထား
● ကိုယ့်ရဲ့ နယ်ပယ်တွင် ကိုယ်တိုင်ပြုစုထားသော Scientific Research (သို့) Scholarly Research အထောက်အထား
● နိုင်ငံတကာတွင် ဖြန့်ဝေနေသော ပညာတော်သင် ဂျာနယ်များထဲရှိ ပညာရပ်ဆိုင်ရာ စာအုပ်များ သို့ ဆောင်းပါးကဲ့သို့ အထောက်အထား

Application Process

Extraordinary Ability:

ကိုယ်ဘာသာလျှောက်လိုပါက Form I-140 ကိုဖြည့်သွင်း၍ လျှောက်ထားနိုင်ပါတယ်။

Outstanding Professors and Researchers:

ကိုယ့်ရဲ့ အမေရိကန်အလုပ်ရှင်က နိုင်ငံခြားသား အလုပ်သမားအတွက် Form I-140၊ လျှောက်လွှာ တင်ပေးရပါမယ်။ လျှောက်လွှာလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့၊ ကိုယ့်အလုပ်ရှင်က Priority Date အတိုင်း ကမ်းလှမ်းထားတဲ့ လုပ်အားခ ကို ဆက်လက်ပေးချေနိုင်မှုကို သက်သေ ပြနိုင်ရပါမယ်။ ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခ ကို ဆက်လက် ပေးဆောင် နိုင်ကြောင်း ကို သက်သေပြဖို့ Annual report များ၊ Federal income tax return များ (သို့) Audited financial statement များကို အသုံးပြုလို့ ရပါတယ်။

ကိုယ့်ရဲ့အမေရိကန် အလုပ်ရှင်က USCIS Form I-140 ကို နိုင်ငံခြား အလုပ်သမားဖြစ်သူ ကိုယ့်အတွက် အသနားခံစာ တင်ရပါမယ်။ လျှောက်လွှာ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့၊ ကိုယ့်အလုပ်ရှင်က Priority Date အတိုင်း ကမ်းလှမ်း ထားတဲ့ လုပ်ခကို ဆက်လက် ပေးချေနိုင်မှုအား သက်သေ ပြနိုင်ရပါမယ်။
ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခကို ဆက်လက် ပေးဆောင် နိုင်ကြောင်း ကို သက်သေပြဖို့ Annual report များ၊ Federal income tax return များ (သို့) Audited financial statement များကို အသုံးပြုလို့ရပါတယ်။

EB-1 Visa ကိုင်ဆောင်သူ များရဲ့ မိသားစုများ

အကယ်၍ ကိုယ့်ရဲ့ I-140 လျှောက်လွှာက approved ဖြစ်ပါက ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ အသက် ၂၁ နဲ့အောက် လက်မထပ်ရသေးသော သားသမီးများက E-14 (သို့) E-15 immigrant status နဲ့ US ပြည်ဝင်ခွင့်ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Previous