DV - Diversity Visa Program
Diversity Visa Program
အမေရိကန်နိုင်ငံထဲကို တရားဝင်လာရောက်နေထိုင်နိုင်မယ့် နောက်ထပ် နည်းလမ်းကတော့ Diversity Visa လို့ခေါ်တဲ့ DV Program လျှောက်ထားခြင်းပဲ ဖြစ်ပါတယ်။
ပါဝင်တဲ့အဆင့်တွေကတော့
DV Form တင်ရမယ်၊
အမေရိကန်အစိုးရက ထီစနစ်နဲ့ ရွေးမယ်၊
အရွေးခံခဲ့ရလျှင် တောင်းဆိုထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်မှီရဲ့လားဆိုတာတွေကို စစ်ဆေးမယ်၊
နောက်ဆုံးအနေနဲ့ မိမိနိုင်ငံရှိအမေရိကန်သံရုံးမှာ DS-260 Form တင်ပြီး Interview ဖြေရပါမယ်။
Interview အောင်သွားပြီဆိုလျှင်တော့ အမေရိကန်နိုင်ငံကို Green Card Holder အနေနဲ့လာရောက်နိုင်ပါပြီ။ နှစ်စဉ်နှစ်တိုင်းမှာ Diversity Visa ကံထူးခွင့် ၅၀,ဝ၀ဝ ခန့် ပေးလေ့ရှိပြီး ဒီအရေအတွက် ဟာ ပြောင်းလဲ နိုင်ပါတယ်။
Special Immigrant Juvenile
အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ နောက်ဆုံးနည်းလမ်းကတော့ တရားစီရင်ပိုင်ခွင့်အာဏာရှိ လူငယ်တရားရုံး (Juvenile Court) ဆီမှ အကူအညီတောင်းခံခြင်းဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းဟာ အဆင့်နှစ်ဆင့်လုပ်ဆောင်ရပါတယ်။
ပထမအဆင့်မှာ လျှောက်ထားမယ့် အရွယ်မရောက်သေးသူဟာ လူငယ်တရားရုံးဆီမှ မှီခိုရန်လိုအပ်ကြောင်း၊ အနိုင်ကျင့်ခံရကြောင်း နဲ့ လျစ်လျူရှုခံရကြောင်းစတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကိုရ ယူရပါမယ်။ ထို့နောက် စောင့်ရှောက်မှုဂေဟာ တစ်ခုခုဆီသို့ ပို့ဆောင်ခံရပါတယ်။
ဒုတိယအဆင့်အနေနဲ့ အဆိုပါအရွယ်မရောက်သေးတဲ့သူဟာ I-360 form ကိုဖြည့်စွက်ပြီး မိမိဟာ မှီခိုရန်လိုအပ်ခြင်း၊ အနိုင်ကျင့်ခံရခြင်း နဲ့ လျစ်လျူရှုခံရခြင်းတို့နဲ့ ကိုက်ညီကြောင်း တင်ပြ၍ Green Card တောင်းခံနိုင်ပါတယ်။ အဆိုပါကိစ္စဟာ ကလေးသူငယ်တွေကိုယ်တိုင် လုပ်ဆောင်ဖို့ ခက်ခဲသောကြောင့် အမေရိကန်နိုင်ငံရှိ Non-Profit အဖွဲ့အစည်းတွေဟာ ကူညီပေးရလေ့ရှိပါတယ်။
ယခုအပိုင်းမှာ အမေရိကန်နိုင်ငံသို့ တရားဝင်လာရောက်ရန် နည်းလမ်းတွေဖြစ်တဲ့ မိသားစုဝင်ကခေါ်ယူခြင်း၊ အကယ်၍ မိသားစုဝင်က နှိပ်စက်အနိုင်ကျင့်ခဲ့ပါက ကိုယ်တိုင် VAWA လျှောက်ထားခြင်း၊ အလုပ်ရှင်မှ ဝန်ထမ်းခေါ်ယူခြင်း၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်း၊ DV Program ပါဝင်ခြင်း နဲ့ တရားစီရင်ပိုင်ခွင့် အာဏာရှိ လူငယ်တရားရုံး (Juvenile Court) ဆီမှ အကူအညီ တောင်းခံခြင်းတို့ကို သိရှိခဲ့ပြီးကြပါပြီ။
နောက်အပိုင်းမှာတော့ ဒီလိုလျှောက်ထားတဲ့ အခြေအနေတွေမှာ ငြင်းပယ်ခံရနိုင်စေတဲ့ အကြောင်းရင်းတွေကို ဆန်းစစ် သွားကြပါမယ်။