USIRD Connect

အပိုင်း ၅။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ စွပ်စွဲချက်များအပေါ် နိုင်ငံတော်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ စုံစမ်းစစ်ဆေးမှုများကို အစိုးရက ပြုမူသော လုပ်ရပ်များ။

စစ်အစိုးရသည် ကဏ္ဍအသီးသီးရှိ NGO အများအပြား၏ လုပ်ရိုးလုပ်စဉ်များကို လွတ်လပ်စွာ (သို့) ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ပြည်တွင်းလူ့အခွင့်အရေးအဖွဲ့အစည်းများကို ခွင့်မပြုခဲ့ပေ။ လူ့အခွင့်အရေး NGO များသည် ဆက်လက်လုပ်ဆောင်နေသော်လည်း အာဏာပိုင်များ၏ နှောင့်ယှက်မှု၊ စောင့်ကြည့်မှုများနှင့် မတရားဖမ်းဆီးခြင်းများ ရှိကြောင်းတင်ပြထားသည်။ ဥပမာအားဖြင့်၊ စစ်အစိုးရသည် တစ်ခါတစ်ရံတွင် တက်ကြွလှုပ်ရှားသူများ (သို့) အရပ်ဘက်အဖွဲ့အစည်းများမှ စီစဉ်သော အစည်းအဝေးများကို လက်ခံကျင်းပခြင်းမပြုရန် ဟိုတယ်များနှင့် အခြားခန်းမနေရာများကို ဖိအားပေးခဲ့သည်။ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည်လည်း NGO ရုံးများကို ဖျက်ဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရုံးကို ဇူလိုင် ၃၀ ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကိုကျော်ဝင်းသန့် (ဥက္ကဋ္ဌ)၊ ကိုသန်းဆင်မင်း (ဒုဥက္ကဋ္ဌ)၊ ကိုသုတနေ (သတင်းနှင့်ပြန်ကြားရေးအတွင်းရေးမှူး)အပါအဝင် အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

ကုလသမဂ္ဂ (UN) သို့မဟုတ် အခြားသော နိုင်ငံတကာအဖွဲ့များ - ကုလသမဂ္ဂ၊ အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NGO အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် (သို့) အလွဲသုံးစားမှုများ၏ တည်နေရာများကို ဝင်ရောက်ကြည့်ရှုခွင့်ကို စစ်အစိုးရက စနစ်တကျ ငြင်းဆိုထားသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) ကဲ့သို့သော နိုင်ငံတကာ NGO များမှ ကိုယ်စားလှယ်များ အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံသူများသည် ဗီဇာ ကန့်သတ်ချက်များကို ဆက်လက် ရင်ဆိုင်နေရသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) ကဲ့သို့သော နိုင်ငံတကာ NGO များမှ ကိုယ်စားလှယ်များ အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံသူများသည် ဗီဇာ ကန့်သတ်ချက်များကို ဆက်လက် ရင်ဆိုင်နေရသည်။နိုင်ငံတကာ NGO များ၏ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်အများအပြားသည် နိုင်ငံခြားရန်ပုံငွေရှာသူများနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဖော်ပြသည့် ဘဏ္ဍာရေးရှင်းတမ်းများနှင့် အခြားစာရွက်စာတမ်းများကို ပြသရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး အချို့သော ရန်ပုံငွေများကို ထုတ်ယူသည့်အခါ မကြုံစဖူး စိစစ်မှုအဆင့်များကို ၎င်းတို့၏ဘဏ်က တောင်းဆိုခဲ့ပြီး ထောက်ပံ့ကြေးသဘောတူညီချက်များနှင့် ပြည်တွင်းလုပ်ဖော်ကိုင်ဖက်စာရင်းများကို ၎င်းတို့၏ဘဏ်မှ တောင်းဆိုခဲ့သည်။

မြန်မာအစိုးရသည် နိုင်ငံတွင်း ရက်စက်ယုတ်မာမှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖန်တီးထားသော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအား မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ခွင့်ပြုရန် ငြင်းဆိုထားသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံ ဝင်ရောက်ရန် စစ်အစိုးရကဆက်လက် ငြင်းဆိုထားသည်။

အစိုးရလူ့အခွင့်အရေးအဖွဲ့များ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အဖွဲ့အစည်းအများအပြားနှင့် အမှီအခိုကင်း လေ့လာစောင့်ကြည့်သူများ၏အမြင်အရ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ၎င်း၏လုပ်ပိုင်ခွင့်များရှိနေသော်လည်း လွတ်လပ်သောယန္တရားတစ်ခုအဖြစ် လုပ်ဆောင်နေခြင်းမရှိပါ။ Asian NGO Network on National Human Rights Institutions ၏ 2023 report အရ ကော်မရှင်သည် “စစ်အစိုးရ၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ” နှင့် “စစ်အာဏာရှင်အစိုးရနှင့် လိုက်လျောညီထွေဖြစ်စေသည်” ဟု ဖော်ပြထားသည်။


Previous