USIRD Connect

EOIR Report သုံးသပ်ခြင်း

မြန်မာ့တပ်မတော်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး အရေးပေါ်အခြေအနေကြေညာကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများအားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်စိုးရဟာ အရေးပေါ်အခြေအနေကြေညာခြင်းကို ဇန်နဝါရီလတွင် ခြောက်လနှင့် ဇူလိုင်လတွင် ထပ်မံတိုးမြှင့်ခဲ့ပါတယ်။ အတိုက်အခံ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အချို့၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် ရာထူးမှ ဖယ်ရှားခံရသော အရပ်သား ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြန်လည် ထူထောင်ရန်နှင့် စစ်ရေး ချိုးဖောက်မှုများကို ဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်တွင်ရှိသော်လည်း စစ်ဆင်ရေးများ/လုပ်ငန်းဆိုင်ရာများတွင် ထူးခြားသည်။ ထိုနှစ်ခုလုံးသည် တာဝန်ကျ စစ်ဗိုလ်ချုပ်တစ်ဦး ဦးဆောင်ကာ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး တပ်မတော်ကွပ်ကဲမှုအောက်မှ လက်အောက်ခံဖြစ်ပါတယ်။ အစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ယခင်နှစ်တွေလို ပြည်တွင်းရေး လှုပ်ရှားမှုများတွင် သီးသန့် နီးပါး ပါဝင် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် အကြမ်းဖက်မှု များလုပ်ဆောင်ခဲ့ပါတယ်။ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတဝှမ်းတွင် ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကို ဆက်လက်ကျူးလွန်ခဲ့ပါတယ်။

ရာထူးမှ ဖယ်ရှားခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ရာထူးမှ ဖယ်ရှားခံရသော အရပ်သား အစိုးရအဖွဲ့ဝင်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ထိပ်တန်းအဖွဲ့ဝင်များဟာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်။ လက်နက်ကိုင် အတိုက်အခံများရဲ့ ကြိုးပမ်းအားထုတ်မှုများ၊ နိုင်ငံတဝှမ်းမှာရှိတဲ့ ဒီမိုကရေစီရေး ဆန္ဒပြမှုများနှင့် CDM လှုပ်ရှားမှုများက အတိုင်းအတာတစ်ခုအရ အစိုးရအဖွဲ့ အစည်းတွေရဲ့ အပြည့်အဝ အုပ်ချုပ်ရေး ထိန်းချုပ်နိုင်မှုကို နှောင့်ယှက်နေဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အတိုက်အခံများကို ဆက်လက်ဖမ်းဆီးခြင်း၊ လက်နက်မဲ့သူများအား သေစေလောက်သော အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြားသော စော်ကားမှုများဖြင့် စစ်အစိုးရက အကြမ်းဖက်ဖိနှိပ်တဲ့ နည်းပရိယာယ်များဖြင့် တုံ့ပြန်ခဲ့ပါတယ်။

သိသာထင်ရှားတဲ့ လူ့အခွင့်အရေးပြဿနာများတွင် တရားလက်လွတ်သတ်ဖြတ်ခြင်းအပါအဝင် ဥပဒေမဲ့ (သို့) မတရားသတ်ဖြတ်မှုများ၊ အဓမ္မပျောက်ဆုံးမှုများ၊ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့) ရက်စက်ကြမ်းကြုတ်ခြင်း၊ လူမဆန်သော (သို့) ယုတ်ညံ့သော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးခြင်းများ၊ ကြမ်းတမ်းပြီး အသက်အန္တရာယ်ရှိတဲ့ အကျဉ်းထောင်အခြေအနေများ၊ မတရားဖမ်းဆီးခြင်း (သို့) ထိန်းသိမ်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများ (သို့) အကျဉ်းသားများ၊ အခြားနိုင်ငံမှ လူတစ်ဦးချင်းအပေါ် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု၊ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ကြီးမားသောပြဿနာများ၊ ကိုယ်ရေးကိုယ်တာတွင် ထင်သလို ဥပဒေမဲ့ ဝင်ရောက်စွက်ဖက်ခြင်း၊ ဆွေမျိုးတစ်ဦးမှ စွပ်စွဲသော ပြစ်မှုအတွက် မိသားစုဝင်များ၏ ပြစ်ဒဏ်၊ အစီရင်ခံထားသော ဥပဒေမဲ့ (သို့) ပျံ့နှံ့နေသော အရပ်သား ထိခိုက်နစ်နာမှု၊ အတင်းအဓမ္မ ပျောက်ဆုံးမှု သို့မဟုတ် ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများ (သို့) ပြစ်ဒဏ်များ အပါအဝင် ပဋိပက္ခအတွင်း ပြင်းထန်သော ချိုးဖောက်မှုများ၊ ဥပဒေမဲ့ ကလေးစစ်သားစုဆောင်းခြင်း (သို့) အသုံးပြုခြင်း၊ သတင်းသမားများကို အကြမ်းဖက်ခြင်း (သို့) ခြိမ်းခြောက်ခြင်းများ၊ ဂျာနယ်လစ်များအား တရားမျှတမှုမရှိသော ဖမ်းဆီးခြင်း (သို့) တရားစွဲဆိုခြင်းများ၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများ တည်ရှိမှုအပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာအပေါ် ကြီးလေးသောကန့်သတ်ချက်များ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ၏ လွတ်လပ်မှုကို သိသိသာသာ အနှောင့်အယှက်ပေးခြင်း၊ အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်အပေါ် ပြင်းထန်စွာ ကန့်သတ်ချက်များ၊ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် နိုင်ငံသားများ၏ အစိုးရကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ခြင်း မရှိခြင်း၊ နိုင်ငံရေးပါဝင်မှုအပေါ် ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော ကန့်သတ်ချက်များ၊ ပြင်းထန်သော အစိုးရ အကျင့်ပျက်ခြစားမှု၊ စစ်အစိုးရက gender-based Violenceများ ၊ gender-based အကြမ်းဖက်မှုများအတွက် စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ခံမှု မရှိခြင်း၊ အမျိုးသားနှင့် တိုင်းရင်းသား လူနည်းစုအုပ်စုဝင်များကို ပစ်မှတ်ထား၍ အကြမ်းဖက်မှု (သို့) ခြိမ်းခြောက်မှုများ ပါ၀င်သည့် ရာဇ၀တ်မှုများ၊ လူကုန်ကူးမှု၊ ထိုဥပဒေများသည် ရှားရှားပါးပါး ပြဋ္ဌာန်းထားသော်လည်း အရွယ်ရောက်ပြီးသူများအကြား ကြည်ဖြူစွာ လိင်တူလိင်ပိုင်းဆိုင်ရာ အပြုအမူကို ရာဇ၀တ်မှုကျူးလွန်သည့် ဥပဒေများရှိကြောင်း၊ အကြမ်းဖက်မှုနှင့် အလုပ်သမား တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်မှုများ အပါအဝင် အလုပ်သမားများ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်အပေါ် သိသာထင်ရှားသော ကန့်သတ်ချက်များ၊ နှင့် အချို့သော အဆိုးဆုံးသော ကလေးအလုပ်သမားပုံစံများပါဝင်ခဲ့ပါတယ်။

အစိုးရအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ပေးခြင်း လူ့အခွင့်အရေးချိုးဖောက်မှုများ (သို့) အကျင့်ပျက်ခြစားမှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန် (သို့) အပြစ်ပေးရန်အတွက် စစ်အစိုးရက လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရလောက်သော အချက်အလက်များ မရှိခဲ့ပါ။

အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (သို့) အဖွဲ့ဝင်အချို့သည် သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းနှင့် ယုတ်ညံ့သော ဆက်ဆံခြင်းနှင့် ပဋိပက္ခဇုန်များရှိ ဒေသခံပြည်သူများကို အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ပါတယ်။

Previous