အပိုင်း ၁။ လူတစ်‌ယောက်ရဲ့ ဂုဏ်သိက္ခာကို လေးစားမှု။

A. မထင်မရှား အသက်ဆုံးရှုံးခြင်း နှင့် အခြားသော ဥပဒေမဲ့ (သို့) နိုင်ငံရေးအရ လှုံ့ဆော်သော သတ်ဖြတ်မှုများ၊
လှုံ့ဆော်သတ်ဖြတ်မှုများ၊
အစိုးရလုံခြုံရေးတပ်ဖွဲ့များဟာ အရပ်သားများ၊ အကျဉ်းသားများနှင့် သူတို့ရဲ့ အာဏာအတွင်းက အခြားလူများကို မတရား (သို့) ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို အများအပြားကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြထားသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အဆိုအရ အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိကြောင်း၊ စက်တင်ဘာ ၁ ရက်နေ့အထိ စစ်အစိုးရထံမှ အသတ်ခံရသူ ၂,၀၉၆ ဦး ရှိကြောင်း တွေ့ရှိရပါတယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့များ (သို့) အဖွဲ့ဝင်များဟာ သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးမှု၊ ကိုယ်ထိလက်ရောက် မတော်မတရားပြုမှု နှင့် မတရားဆက်ဆံခံရမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ပဋိပက္ခနယ်မြေများရှိ ဒေသခံပြည်သူများအား ကာကွယ်ရန် ပျက်ကွက်ခြင်း (အပိုင်း 1.g. ကိုလည်း ကြည့်ပါ)။

ကယားပြည်နယ် ဖြူးဆိုမြို့နယ်တွင် တပ်မတော်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား အကြမ်းဖက်မှုများ ပြင်းထန်စွာ ဖြစ်ပြီးနောက် စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်က မီဒီယာများက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူများကို သူတို့ရဲ့ ကားများအတွင်း မီးလောင်သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၈ ရက်တွင် Save The Children မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်နေတဲ့ ဝန်ထမ်းနှစ်ဦးဟာ သေဆုံးသူများထဲတွင် ပါဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီမိုကရေစီအုပ်စုများနှင့် သူတို့ရဲ့ မိသားစုများကို ပစ်မှတ်ထားရန်၊ ဒလန်များဖွံ့ဖြိုးတိုးတက်ရေး ကို စစ်အစိုးရက အားပေးတိုက်တွန်းခဲ့တယ်။ ဧပြီလနှောင်းပိုင်းမှစပြီး စစ်တပ်လိုလားသော ဒလန်အဖွဲ့များဟာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် သူတို့ရဲ့ မိသားစုဝင်များကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ သွေးသောက် (Blood Comrades) ဟူသော အမည်နဲ့ လည်ပတ်နေသော အဖွဲ့အများအပြားဟာ မြို့ပြများတွင် အဓိကလှုပ်ရှားကြတယ်။ မန္တလေး၊ ရန်ကုန်နှင့် တနသာင်္ရီတိုင်း ဒေသကြီးများတွင် ပစ်မှတ်ထား သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဧပြီလတွင် ထိုအဖွဲ့များဟာ NLD၊ PDF အဖွဲ့ဝင်များနှင့် သူတို့ရဲ့ မိသားစုများကို လုပ်ကြံရန် ရည်ရွယ်တဲ့ “အနီရောင်စစ်ဆင်ရေး”ကို ကြေညာပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုးဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်။

NLDရဲ့ လူ့အခွင့်အရေး Documentation အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၂ ရက်အထိ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များက NLD အဖွဲ့ဝင် ၅၅ ဦးကို သတ်ဖြတ်ခဲ့ရာ ၁၃ဦးဟာ စစ်ဆေးမေးမြန်းစဉ်တွင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

B. ပျောက်ဆုံးမှူများ၊
စစ်အစိုးရက ကျူးလွန်တယ်လို့ ထင်ရသော ပျောက်ဆုံးမှုများ မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန် ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့တဲ့အတွက် စစ်အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ Myanmar Now က ဖော်ပြပါတယ်။ ဖမ်းဆီးခံရမှုများနှင့် ပတ်သက်ပြီး မိသားစုများနှင့် ပြည်တွင်း မီဒီယာများထံမှ အချက်အလက်များ တောင်းဆိုမှုကို စစ်အစိုးရ အာဏာပိုင်များက ဖြေကြားခြင်း မရှိပါ။ ဧပြီလအတွင်းကလည်း ထိုနည်းတူ မန္တလေးမှ ကျောင်းသား ၈ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

C. ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှု၊ (သို့) ယုတ်ညံ့သော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးခြင်းနှင့် အခြားဆက်စပ်သော စော်ကားမှုများ၊
ဥပဒေက ညှဉ်းပန်းနှိပ်စက်ခြင်းကို တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ သံသယရှိသူများ၊ အကျဉ်းသားများ၊ အချုပ်သားများနှင့် အခြားသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပမာ စစ်ဆေးမေးမြန်းမှုများအတွင်း ထိုသို့သောဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့ပျံနှံသွားကြောင်း အစီရင်ခံထဲတွင်ဖော်ပြခဲ့ပါတယ်။ ကြမ်းတမ်းသော စစ်ကြောရေးနည်းစနစ်များကိုကျင့်သုံးကာ ခြိမ်းခြောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေရန် ထုတ်ထားပြီး ပြင်းထန်စွာရိုက်နှက်ခြင်းနှင့် အစာ၊ ရေနှင့် အိပ်ရေးပျက်ခြင်းတို့ပါ ပါဝင်ပါတယ်။ သတင်းအစီရင်ခံချက်များတွင် ဖော်ပြထားသော အခြားစစ်ဆေးမေးမြန်းခြင်း နည်းလမ်းများတွင် ဒဏ်ရာများထဲသို့ ဆားဖြင့် ပွတ်တိုက်ခြင်းနှင့် လူတွေကို မေ့မလဲမချင်း အောက်ဆီဂျင်မပေးခြင်း တို့ ပါဝင်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ ထိန်းသိမ်းထားစဉ်အတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းဆိုင်ရာ အစီရင်ခံစာများ (အောက်တွင်ကြည့်ပါ) လည်း ရှိခဲ့ပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ထားဝယ်အကျဉ်းထောင်ကို ဧပြီလ ၉ ရက်နေ့က ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် ပြင်းထန်စွာ ပွန်းပဲ့ဒဏ်ရာများရရှိကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရောက်ရှိခဲ့ကြောင်းကို နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ Myanmar Now ကိုပြောပါတယ်။ မျက်နှာအပါအဝင် တစ်ကိုယ်လုံး ပွန်းပဲ့ဒဏ်ရာများဖြင့် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရကြောင်း သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြည်တွင်းသတင်းထောက်တစ်ဦးမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ရှိ စစ်ကြောရေးစခန်းတွင် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအသေးစိတ်အချက်အလက်များကို မီဒီယာအသီးသီးထံ ဝေမျှခဲ့ပါတယ်။ “ကျွန်တော် ဘဝကိုအဆုံးသတ်ဖို့ စဉ်းစားလာမိတယ်။ ငါ့မှာ အနာဂတ်မရှိဘူးလို့ ခံစားရတယ်” လို့ပြောပြလာပြီး သူ့ဇနီးကို ဒီအဖြစ်အပျက် အပြည့်အစုံကို ထုတ်ပြောဖို့ လနဲ့ချီ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) ရဲ့ အဆိုအရ ချုပ်နှောင်ခံထားရတဲ့ အမျိုးသမီးများဟာ လိင်ပိုင်းဆိုင်ရာ၊ Gender-based အကြမ်းဖက်မှုများနှင့် နှုတ်ဖြင့် အလွဲသုံးစားလုပ်မှုများ ခံနေရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တင်ပြခဲ့သော အမျိုးသမီးများဟာ ရဲတပ်ဖွဲ့ရဲ့ နောက်ထပ်အနိုင်ကျင့်မှုများနှင့် ရင်ဆိုင်ရပြီး ပြစ်မှုကျူးလွန်သူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲခံရနိုင်ခြေရှိပါတယ်။

မတ်လ ၆ ရက်က မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်ရဲ့ အဆိုအရ လူမှုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စနစ်တကျ အဓိကထားဆောင်ရွက်ပေးနေတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်အစိုးရက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး သမီးဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ထိုစီးနင်းတိုက်ခိုက်မှုအတွင်း လူသုံးဦး သေဆုံးခဲ့ပါတယ်။

အခွင့်အရေးချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ပေးခြင်းသည် စစ်အစိုးရအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအတွက် ပျံ့နှံ့နေပါသည်။ အလွဲသုံးစားမှုကျူးလွန်သူများကို အပြစ်ပေးခြင်း သို့မဟုတ် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များ၏ အလုံးစုံလေ့ကျင့်သင်ကြားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူ့အခွင့်အရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စစ်အစိုးရက ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် အပြစ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား မရှိပေ။ ရက်စက်ကြမ်းကြုတ်မှုများနှင့် အလွဲသုံးစားပြုမှုများအတွက် တာဝန်ရှိကြောင်း စစ်အစိုးရက ပုံမှန်ငြင်းဆိုခဲ့သည်။

အကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်း အခြေအနေများ၊
အကျဉ်းထောင်များ၊ ရဲဘက်စခန်းများနှင့် စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေး အဆောက်အအုံများတွင် လူများပြည့်ကျပ်မှုကြောင့် ခက်ခဲကြမ်းတမ်းပြီး မကြာခဏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း- နှိမ့်ချ ဆက်ဆံခြင်း၊ ဆေးဝါးကုသမှု (COVID-19 ကုသခြင်းအပါအဝင်) နှင့် အစားအသောက်၊ အမိုးအကာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အပါအဝင် အခြေခံလိုအပ်ချက်များ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းတို့ဖြစ်နေကြောင်း သတင်းရရှိခဲ့ပါတယ်။

နှိပ်စက်ခံထားရသော ခန္ဓာကိုယ် အခြေအနေများ- 2020 ခုနှစ်တွင် လူသိများသော အကျဉ်းထောင် 48 ခုနှင့် ရဲဘက်စခန်း 50 ရှိခဲ့ပါတယ်။ အမျိုးသမီးများနှင့် အမျိုးသားများကို သီးခြားစီ ချုပ်နှောင်ထားပါတယ်။ အချို့သော အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများကို ပြစ်ဒဏ်ကျခံ အကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားပြီး ကလေးများဟာ တခါတရံတွင် လူကြီးများနှင့်အတူ အချုပ်အနှောင် ခံထားရပါတယ်။ အာဏာသိမ်းမှုမတိုင်မီ အလုပ်စခန်းများ နိုင်ငံတစ်ဝန်းလုံးတွင် ရှိခဲ့ပြီး စခန်းအခြေအနေများနှင့် အကျဉ်းသားအရေအတွက်များ အကြောင်းကို စစ်အစိုးရမှအချက်အလက်များ မထုတ်ပေးသော်လည်း စစ်အာဏာသိမ်းမှုမတိုင်မီ အကျဉ်းသား ၂၀,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။ ပြည်သူ့အဆောက်အအုံများ (ဥပမာ၊ ရပ်ရွာရုံးခန်းများ) ကို စစ်အုပ်စုမှ စစ်ဆေးရေး ဌာနချုပ်အဖြစ် သုံးစွဲလေ့ ရှိတယ်လို့ AAPP မှ သတင်းပေးခဲ့ပါတယ်။

အစီရင်ခံစာ အများအပြားတွင် မိလ္လာစနစ်များ မလုံလောက်ခြင်း၊ စားသုံးလို့မရသော ရိက္ခာများ နှင့် အခြေခံလိုအပ်ချက်များ ချို့တဲ့ခြင်းတို့ အပါအဝင် အကျဉ်းထောင်များအတွင်း ဆိုးရွားသော အခြေအနေများကို မှတ်တမ်းတင်ထားပါတယ်။ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းအများအပြားတွင် လူများပြည့်လျှံနေခြင်းဟာ ဆိုးရွားသောပြဿနာတစ်ခုဖြစ်ကြောင်း သိရပါတယ်။ AAPP ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်တွင် ရှိသူဦးရေဟာ 2021 ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်တွင် နှစ်ဆကျော် တိုးလာကာ အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန် လိုအပ်နေပါတယ်။

ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများ လုံလောက်မှု မရှိသဖြင့် အချုပ်ထဲတွင် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ အကျဉ်းထောင်များတွင် အကျဉ်းသားများအား COVID-19 မှ ကာကွယ်ရန် လိုအပ်သောဆောင်ရ္ပက်မှုများ လုပ်ဆောင်ခြင်းမရှိခဲ့ပါ။ COVID-19 ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် ဒေသအဆင့်တွင် ပုံမှန်အစိုးရမှ အစီရင်ခံတင်ပြနေသော်လည်း စစ်အစိုးရဟာ အကျဉ်းထောင်များတွင် COVID-19 ရဲ့အကျိုးသက်ရောက်မှုနှင့်ပတ်သက်တဲ့ အချက်အလက်များကို မပေးနိုင်ခဲ့ပါ ။ အကျဉ်းသားများဟာ ငှက်ဖျားရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး၊ တီဘီရောဂါ၊ အရေပြားရောဂါများနှင့် ပုပ်သိုးနေသော အစားအသောက်များကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးနဲ့ မညီညွတ်သော အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဆိုးရွားတဲ့အဆောက်အဦးအခြေအနေများကြောင့် ရာသီဥတုဒဏ်ကိုမကာကွယ်ပေးနိုင်တဲ့ အပြင် ကြွက်၊ မြွေ၊ ဖုန်ပိုးများအနှံ့ နေထိုင်ရတယ်လို့ အကျဉ်းသားဟောင်းများက ပြောပြခဲ့ပါတယ်။

အိမ်သာများ လုံလောက်စွာသုံးစွဲခွင့်မရှိခြင်းနှင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုမရှိခြင်းတို့ကြောင့် အမျိုးသမီးများအတွက် အခြေအနေများမှာ စိတ်ပျက်ဖွယ်ကောင်းပါတယ်။ အကျဉ်းထောင်အစောင့်များဟာ ဓမ္မတာလာချိန်အတွက် သန့်ရှင်းရေးပစ္စည်းများနှင့် အခြား အခြေခံသန့်ရှင်းရေးပစ္စည်းများအတွက် တောင်းဆိုမှုများကို ပေးရန်ငြင်းဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အကျဉ်းကျခံနေရသော အမျိုးသမီးများဟာ အာဏာပိုင်များရဲ့ လိင်နှင့် Gender based အကြမ်းဖက်မှု၊ နှောင့်ယှက်မှုနှင့် အရှက်ရစေတဲ့ အဆင့်များ ပိုမိုမြင့်မားလာကြောင်း ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အုပ်ချုပ်ရေး- ပြည်ထဲရေးဝန်ကြီးဌာနရှိ Department of Corrections သည် အကျဉ်းထောင်နှင့် ရဲဘက်စခန်းစနစ်ကို လည်ပတ်ဆောင်ရွက်ပါတယ်။

အကျဉ်းသားများနှင့် အချုပ်သားများဟာ အာဏာသိမ်းမှုမတိုင်မီ တရားရေးအာဏာပိုင်များထံ တစ်ခါတစ်ရံ တိုင်ကြားမှုများ တင်သွင်းနိုင်သော်လည်း အဲ့အခွင့်အရေးအတွက် ရှင်းရှင်းလင်းလင်း ပြဠာန်းထားသော ဥပဒေ (သို့) စီမံခန့်ခွဲရေးဆိုင်ရာ အကာအကွယ်မျိုးမရှိပါ။ ဒီဇင်ဘာလအထိ အကျဉ်းသားများနှင့် အချုပ်သားများဟာ တိုင်ကြားစာတင်သွင်းတယ်ဆိုတဲ့ ခိုင်လုံသော အချက်အလက်များမရှိပါ။ အချို့သော ထောင်များတွင် နေရာကန့်သတ်မှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဘာသာရေးအရအခြေခံသည့် ကိုယ်ရေးကိုယ်တာကျင့်ထုံးများကို အပြည့်အဝလိုက်နာမှုကို တားမြစ်ထားသည်။

AAPP ရဲ့ အစီရင်ခံစာအရ မိသားစုဝင်များဟာ သတ်မှတ်ထားသော ရိက္ခာများ ပေးပို့ခွင့်၊ အကျဉ်းထောင်အာဏာပိုင်များ စစ်ဆေးပြီးသော လဲလှယ်ရေးစာများကိုသာ ပေးပို့ခွင့်နှင့် အကျဉ်းထောင်အာဏာပိုင်များက ၀န်ဆောင်ခ ၄၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရန် အကျဉ်းသားများအသုံးပြုတဲ့ ငွေသားစပေါ်ငွေကို ပေးဆောင်စေခဲ့ပါတယ်။

လွတ်လပ်သော စောင့်ကြည့်လေ့လာခြင်း- နိုင်ငံတကာ ကြက်ခြေနီကော်မတီ၊ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးနှင့် အခြားသော အမှီအခိုကင်းသော အစိုးရမဟုတ်တဲ့ လေ့လာစောင့်ကြည့်သူများရဲ့ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများသို့ ဝင်ရောက်ခွင့်ကို စစ်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။ စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများရဲ့ အဆိုအရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ ယခုနှစ် အတွင်း အကျဉ်းထောင်များနှင့် ရဲဘက်စခန်း ၁၀ ခုခန့်ကို သွားရောက်ခဲ့ပြီး လည်ပတ်မှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ပြောကြားခြင်း မရှိခဲ့ပါ။

D. မတရားဖမ်းဆီးခြင်း (သို့) ချုပ်နှောင်ခြင်း။
ဥပဒေက မတရားဖမ်းဆီးခြင်းကို တားမြစ်ထားခြင်းမရှိပါ။ ယေဘူယျအားဖြင့် ချုပ်နှောင်ထားသူများဟာ သူတို့ရဲ့ ဖမ်းဆီးခြင်း (သို့) ထိန်းသိမ်းခြင်းအား၊ အုပ်ချုပ်ရေးပိုင်း (သို့) တရားရုံးရှေ့တွင် တရားဥပဒေနှင့်အညီ အယူခံဝင်ရန် တရားဝင်အခွင့်အရေးကို ကျင့်သုံးနိုင်ခြင်း မရှိပါ။

အကျဉ်းသားများအား ဖမ်းဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကုသပေးခြင်း
ဥပဒေအရ အာဏာပိုင်များဟာ နိုင်ငံအာဏာရယူမှု၊ လုံခြုံရေး (သို့) ပြည်သူ့ငြိမ်သက်မှုနှင့်ပတ်သက်တဲ့ ဘယ်အရေးအခင်းများကိုမဆို လုပ်ဆောင်နေတယ်လို့ သံသယရှိသူများကို စွပ်စွဲချက်မရှိဘဲ သို့) တရားရုံးတွင် အမှုမဖွင့်ဘဲ ဖမ်းဆီးထိန်းသိမ်းခွင့်ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကာကွယ်မှု ဥပဒေရဲ့ အချို့သောအချက်များကို အာဏာပိုင်များက ရုပ်သိမ်းထားပြီး တရားဝင်မဟုတ်ဘဲ ဖမ်းဆီးခြင်းများနှင့် ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကို ရှာဖွေခွင့်လည်း ပြုထားပါတယ်။

ဥပဒေအရ အာဏာပိုင်များဟာ သံသယရှိသူများကို တရားသူကြီးထံ မပို့မီ (သို့) စွဲချက်များကို မသိခင် အမှုသက်ဆိုင်ရာရာဇ၀တ်မှုများအတွက် (ခုနှစ်နှစ်ထက်နည်း) သုံးအပတ်ကြာ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အတွက် ရက် ၂ ပတ် (နောက်ထပ် ရက် ၂ ပတ် ချုပ်ချယ်နိုင်ခြင်း) ထိ ချုပ်နှောင်ထားနိုင်ပါတယ်။ ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ်များချမှတ်နိုင်တဲ့ ရာဇ၀တ်မှုများအတွက် သံသယရှိသူအား ရက်ပေါင်း 30 အထိ ထိန်းသိမ်းထားနိုင်ပါတယ်။ သို့သော် စစ်အစိုးရဟာ ထိုဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်းမရှိပါ။ တရားရုံးများရဲ့ အာမခံစနစ်ဟာ လည်ပတ်မှုရှိသေးသော်လည်း ဒီမိုကရေစီရေး ထောက်ခံသူများကို အာမခံပေးရန် ဆက်လက် ငြင်းဆိုနေစဲဖြစ်ပါတယ်။ မိသားစုဝင်များ (သို့) ရှေ့နေများအား ဖမ်းဆီးခြင်းများကို အချိန်မီ အသိပေးခြင်းမပြုဘဲ မိသားစုဝင်များအားလာရောက်လည်ပတ်ခွင့် မပြုသော လုပ်ဆောင်မှုများစွာရှိခဲ့ပါတယ်။

Incommunicado ချုပ်နှောင်မှုဟာ အဖြစ်များပါတယ်။ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများနှင့် Civil Disobedience Movement (CDM) ပြုလုပ်သများအား နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြင့် သူတို့ရဲ့ တည်နေရာများကို အတည်ပြုရန် ငြင်းဆိုခဲ့ကြောင်း မီဒီယာများရဲ့ဖော်ပြချက်များ၊ မျက်မြင်သက်သေများနှင့် လူမှုမီဒီယာများတွင် ရေးသားချက်များအရ သိရပါတယ်။ စက်တင်ဘာလတွင် AAPP မှ အစီရင်ခံတင်ပြချက်အရ စစ်အစိုးရက “ထိန်းသိမ်းခံနေရသူများ” အဖြစ် စာရင်းသွင်းထားသော ခန့်မှန်းခြေ လူ ၉၃၂၆ ဦးဟာ အမည်မသိနေရာများတွင် ရှိနေကြပြီး ခန့်မှန်းခြေအားဖြင့် ၇၈ ရာခိုင်နှုန်းဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုများအတွက် ထိန်းသိမ်းခံထားရသူများဖြစ်ပါတယ။ အကျဉ်းသားများရဲ့ တည်နေရာကို သိရှိသည့်တိုင် အကျဉ်းသားများဟာ ရှေ့နေများနှင့် မိသားစုဝင်များထံ ပုံမှန်လည်ရောက်ခွင့် ငြင်းပယ်ခံရပါတယ်။

မတရားဖမ်းဆီးခြင်း- စစ်အစိုးရက အမည်မသိနေရာများတွင် ချုပ်နှောင်ထားခြင်းအပါအဝင် မတရားဖမ်းဆီးခြင်းဆိုင်ရာ အစီရင်ခံစာများစွာရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးကတည်းက AAPPရဲ့ တွက်ချက်မှုအရ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များဟာ အနည်းဆုံး ဖမ်းဆီးမှု ၁၄,၈၅၀ ရှိပြီး ၎င်းတို့အနက် ၁၁,၈၉၁ ဦးဟာ စက်တင်ဘာလ ၁ ရက်နေ့အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရှိရပါတယ်။ AAPPရဲ့ အဆိုအရ ကလေး ၄၃ ဦး အပါအဝင် ဒီမိုကရေစီရေးထောက်ခံသူ မိသားစုဝင် ၂၇၇ ဦးကျော်၊ စစ်အစိုးရက ဖမ်းဆီးထားသူများထဲတွင် ပါဝင်ခဲ့ပါတယ်။

NLD လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့ရဲ့ အဆိုအရ အောက်တိုဘာလ ၇ ရက်နေ့အထိ NLD ပါတီဝင် ၁၆၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၁၁ ဦးမှာ မြို့နယ် ကော်မတီအသီးသီးတွင် တာဝန်ထမ်းဆောင်နေတဲ့ NLD အဖွဲ့ဝင်များဖြစ်ပြီး ကျန် ၁၁ ဦးမှာ NLD ပါတီဝင်များဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်တွင်းမီဒီယာများနှင့် NLD ပါတီဝင်တစ်ဦးမှ သတင်းပေးပို့ချက်အရ NLD ၏ ရန်ကုန်တိုင်း မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးကို ၎င်း၏နေအိမ်တွင် ဇူလိုင် ၂၃ ရက်က PDF ဖိုင်ကို ထောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကြောရေးစခန်းတွင် နှလုံးဖောက်ပြီး သေဆုံးသွားကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို မီးသဂြိုလ်ခဲ့ကြောင်း နောက်ပိုင်းတွင် အစိုးရအာဏာပိုင်များက မိသားစုဝင်များကို အသိပေးခဲ့သည်။ မြို့နယ်အဆင့်မှာ တာဝန်ထမ်းဆောင်နေတဲ့ NLD ပါတီဝင်တွေရဲ့ လုံခြုံရေးဟာ အန္တရာယ်ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး NLD ပါတီ ဒုဥက္ကဋ္ဌက ဇူလိုင် ၂၆ ရက်မှာ မီဒီယာတွေကို ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကျော်အား ဩဂုတ်လ ၂၄ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင် ခရီးသွားလာစဉ် ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်က မီဒီယာများက ဖော်ပြခဲ့ပါတယ်။ စစ်ဆေးမေးမြန်းစဉ်တွင် ဦးမျိုးကျော်သည် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သတင်းများက ဖော်ပြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) စာချုပ်စာတမ်းနှင့် NUG ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းကို စစ်အစိုးရက တွေ့ရှိခဲ့ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

တရားမ၀င်အကျဉ်းချခြင်း- အာဏာသိမ်းမှုမတိုင်မီတွင် တရားသူကြီးများနှင့် ရဲများသည် တခါတရံ ဖမ်းဆီးထိန်းသိမ်းမှုများကို သက်တမ်းတိုးရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ လွတ်လပ်သောရှေ့နေများအသင်းရဲ့ အဆိုအရ 2020 ခုနှစ်အတွင်း မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရမှုများဟာ ရှည်လျားရှုပ်ထွေးသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှုများကြောင့်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ထိုပြဿနာများ ဆက်လက်ဖြစ်ပေါ်နေကာ လူများကို တရားမ၀င်ဘဲ ရက်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းနိုင်မှုကြောင့် ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အမှုတင်ပြခံနေသောသူများအတွက်၊ စစ်ဆေးမှုမပြုမီနှင့် စစ်ဆေးမှုများအတွင်း ချုပ်နှောင်ခံရသော ကာလသည် ရွေးချယ်စစ်ဆေးပြီးနောက် ငြင်းလွှတ်မှုရှိသည့် အကျဉ်းဒဏ်ကို တိုက်ရိုက်သွားရပါတယ်။အကျဉ်းကျခံနေရစဉ်အတွင်း တရားဥပဒေဆိုင်ရာအကူအညီပေးပိုင်ခွင့်များကို ဖယ်ရှားပေးတဲ့ 2021 ခုနှစ်တွင် စစ်အစိုးရက ဥပဒေဆိုင်ရာအကူအညီဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ထပ်လောင်းပြင်ဆင်ချက်များအရ နိုင်ငံမဲ့သူများ၊ ခိုလှုံခွင့်တောင်းသူများ၊ နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်အကူအညီများကို ကန့်သတ်ထားပါတယ်။

အမျိုးသားဥပဒေတွင် habeas corpus ရှိသော်လည်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များဟာ သင့်လျော်တဲ့လုပ်ထုံးလုပ်နည်းများကိုမလိုက်နာဘဲ လူတစ်ဦးချင်းစီကို ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့် ထိုဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ AAPPရဲ့ပြောကြားချက်အရ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ဖိနှိပ်ချုပ်ချယ်ရန် မတရားဖမ်းဆီးခြင်း (သို့) ထိန်းသိမ်းခြင်းမှာ မြင့်မားနေဆဲဖြစ်ပြီး အကျဉ်းသားများဟာ စစ်အစိုးရထံမှ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုမရှိခြင်းကြောင့် တရားရုံးရှေ့တွင် ချုပ်နှောင်ခြင်းတရားဥပဒေကို အဓိပ္ပါယ်ရှိရှိ စိန်ခေါ်နိုင်မှု နည်းပါးခဲ့ပါတယ်။
E. တရားမျှတသောအများပြည်သူဆိုင်ရာစမ်းသပ်မှုအား ငြင်းဆိုခြင်း၊
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားရေးမဏ္ဍိုင်ကို အကာအကွယ်ပေးထားပြီး အစိုးရကထိုဥပဒေကိုလေးစားခြင်းမရှိပါ။ မတ်လ ၁၄ ရက်တွင် ဒုတရားသူကြီးချုပ်ဟောင်းတစ်ဦးအပါအဝင် တရားရုံးချုပ်တရားသူကြီးအသစ် ၃ ဦးကို တရားသူကြီးကိုးဦးမှ ၁၁ ဦးအထိ တိုးချဲ့ခန့်အပ်ခဲ့ပါတယ်။ စစ်တပ်က ခန့်အပ်ထားတဲ့ တရားသူကြီးတွေက တရားရုံးမှာ အရေးပါတဲ့ကိစ္စရပ်များကို အပြည့်အ၀ ထိန်းချုပ်ထားတယ်။

တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုဟာ အလေးအနက်ထားရမည့် ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသား အစည်းအရုံးများ (NGOs)၊ မျက်မြင်တွေ့မြင်သူများနှင့် မီဒီယာမှ ရရှိသော အစီရင်ခံစာများအရ တရားရေးအရာရှိများက တရားစီရင်မှုဆိုင်ရာ အဆင့်ဆင့်တွင်ကိစ္စရိုးရိုးဖြေရှင်းမှုမှ အမှုအချို့ရဲ့ ဆုံးဖြတ်ချက်များကို ပြဌာန်းပေးရန်အထိ တရားမဝင် ငွေကောက်ခံမှုများကို လက်ခံခဲ့ကြပါတယ်။

အစမ်းလုပ်ထုံးလုပ်နည်းများ၊
စစ်အစိုးရက ကြေညာထားသော စစ်အုပ်ချုပ်ရေးအမိန့်ဟာ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အများအပြားတွင် ဆက်လက်ဖြစ်ပွားနေပါတယ်။ ထိုဒေသများတွင် စစ်ဘက်အရာရှိများဟာ တရားစီရင်ရေး (နှင့် အုပ်ချုပ်ရေး) အာဏာအားလုံးကို ချုပ်ကိုင်ထားပါတယ်။ စစ်အုပ်ချုပ်ရေးတရားရုံးများတွင် တရားခံများဟာ ဥပဒေအကြံပေးအပါအဝင် အယူခံဝင်ခြင်းနှင့််ပတ်သက်ပြီး အခွင့်အရေးအနည်းငယ် (သို့) လုံးဝကိုမရှိပါ (သေဒဏ်ချမှတ်ခံရသော အမှုများတွင်သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ အယူခံတင်နိုင်သည်)။
ထောင်ချခံထားရတဲ့ မှုခင်းများကို တရားလွှာများလျှော့ချပေးခြင်း၊ အမှုရလဒ်များကို ရုံးချိန်တစ်ကြိမ် (သို့) နှစ်ကြိမ်အတွင်း ဆုံးဖြတ်ပြီး၊ ပြစ်ဒဏ်များကို ပုံမှန်အားဖြင့် ဥပဒေနှင့်အညီ အများဆုံး ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ခဲ့ပါတယ်။ AAPP မှစုဆောင်းထားတဲ့ ဒေတာအရ 2023 နိုဝင်ဘာ ၁၁ ရက်အထိ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသောအကျဉ်းသား ၈၆ ဦးရှိပြီး၊ အနည်းဆုံး ၁၂၁ ဦးကို တရားရုံးမရောက်ချိန်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ၄၂ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

အာဏာသိမ်းပြီးနောက် အရပ်ဘက်တရားရုံးများတွင် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများကို တရားဝင်ပြောင်းလဲမှုမရှိခဲ့သော်လည်း တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုမရှိခြင်းကြောင့် စစ်အစိုးရရဲ့ အရိပ်အောက်တွင်သာ ဆုံးဖြတ်မှုများကို ချမှတ်ကြရပါတယ။ ဥပဒေက မတရားစွာစစ်ဆေးခံရမှုမှ ကင်းလွတ်ခွင့်ကို ထိန်းသိမ်းပေးခြင်းမရှိဘဲ စစ်အစိုးရဟာ ထိုအခွင့်အရေးများကို သူတို့ဆန္ဒအတိုင်း ဖျက်စီးနိုင်တဲ့ အခွင့်အရေးများကို ခွင့်ပြုပေးထားပါတယ်။ ရားစီရင်ရေးစနစ်တွင် မပြုဆောင်ခွင့်မရှိသော အခွင့်အရေးများမှာ အပြစ်မရှိဟု စွမ်းအားယူခွင့်၊ စွပ်စွဲချက်များကို အမြန်ဆုံးသိရှိခွင့်၊ မျှတပြီး အချိန်မီသော တရားစွဲဆောင်မှု၊ တိုက်ရိုက်အသိပေးတရားစွဲခံရခြင်း၊ ရွေးချယ်ထားသော ရှေ့နေများနှင့် ဆက်သွယ်ခွင့် (သို့) ငွေမပေးနိုင်ပါက အများပြည်သူ၏ ကုန်ကျစရိတ်ဖြင့် ရှေ့နေ ရရှိခွင့်၊ ကာကွယ်မှုအတွက် လုံလောက်သော အချိန်နှင့် အခွင့်အလမ်း ရရှိခွင့်၊ သီးခြားလွတ်လပ်စွာ စီရင်ချက်စစ်မှုများပြုလုပ်ခြင်း၊ လှည့်ကွက်နှင့် ပြင်ဆင်မှု မရှိဘဲ လိုအပ်သည့် မြန်မာဘာသာပြန် အကူအညီ ရရှိခွင့်နှင့် စီရင်ချက်ကို တိုက်ရိုက်ကျေ့ကြောင်း ပြောဆိုခွင့်၊ ပြည်သူများသက်သေခံရန်ခွင့်၊ မိမိကိုယ်တိုင် တရားခံဟု ပြောဆိုရန် အတင်းစေခြင်းမခံရခြင်းနှင့် အယူခံခွင့်တို့ ဖြစ်တယ်။ ထိုအခွင့်အရေးများကို ဖျက်သိမ်းထားခြင်းဟာ တရားစွဲဆောင်မှုတွင် တရားမျှတမှု မရှိခြင်းအပေါ် အလွန် စိုးရိမ်ရသော အခြေအနေ ဖြစ်လာနိုင်ပြီး ယနေ့ မြန်မာနိုင်ငံတွင် လက်တွေ့တွေ့ကြုံနေရသော နိုင်ငံရေးလှုပ်ရှားမှုများတွင် သက်ရောက်မှုများရှိနေပါတယ်။


အကြံပေးပိုင်ခွင့်သည် ဥပဒေတွင်ကျန်ရှိနေသော်လည်း၊ ရှေ့နေများစွာဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကြောက်ရွံ့ခြင်းကြောင့် ဒီမိုကရေစီအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒမရှိကြပါ။ AAPP ရဲ့အဆိုအရ စက်တင်ဘာလအထိ စစ်အစိုးရက ဒီမိုကရေစီအရေးကိစ္စများနှင့် ပတ်သက်တဲ့ ရှေ့နေ ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အဖွဲ့စည်းရဲ့ အဆိုအရ သေဒဏ်အပါအဝင် စီရင်ချက်အများစုမှာ မျက်ကွယ်တွင် ဖြစ်ပွားခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ်သားများ၊
စစ်အစိုးရဟာ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲ အရာရှိများ၊ သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ ဘာသာရေး တက်ကြွလှုပ်ရှားသူများနှင့် CDM အဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်ရဲ့ အထွေထွေလူဦးရေနှင့် အမြဲတမ်း သီးခြားချုပ်နှောင်ထားခြင်း မရှိပါ။ နိုင်ငံရေး အကျဉ်းသား အများအပြားကို အဆက်အသွယ် မဖြတ်ဘဲ ထိန်းသိမ်း ခံထားရပြီး၊ နိုင်ငံရေး အကျဉ်းသားများ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ မပေးခဲ့ကြောင်း သတင်း အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်တွင်းမီဒီယာများရဲ့ ဖော်ပြချက်အရ နိုင်ငံရေး အကျဉ်းသားအားလုံးဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရပါတယ်။

နိုင်ငံရေး အကျဉ်းသားများအားသူတို့ရဲ့ နေအိမ်များနှင့် ဝေးကွာသောအဖွဲ့အစည်းများတွင် ချုပ်နှောင်ထားခြင်းဖြင့် (သို့) လာရောက်လည်ပတ်မှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ချက်များ ချမှတ်ခြင်းဖြင့် ဧည့်တွေ့ ခွင့်ကို စစ်အစိုးရက ဆက်လက် ပိတ်ဆို့ထားပါတယ်။

AAPP မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူ ၁၂,၉၄၂ ဦးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၄,၆၀၄ ဦးအထိ တိုးမြင့်လာတယ်လို့ AAPP မှ ခန့်မှန်းထားပါတယ။ နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားဟာ အထောက်အထား (သို့) ခရီးသွားစာရွက်စာတမ်းများ လုံခြုံမှုမရှိခြင်းအပါအဝင် သူတို့လွတ်မြောက်လာပြီးနောက် စောင့်ကြည့်ခြင်းနှင့် ကန့်သတ်ခြင်းများ ခံနေရဆဲဖြစ်ပါတယ်။
စက်တင်ဘာလအထိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား COVID-19 ကူးစက်ရောဂါဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် ဆူပူအုံကြွမှုအပါအဝင် ပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၂၃ နှစ်နှင့် အလုပ်ကြမ်းနှင့် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးတင်စစ်ဆေးမှုများကို အများပြည်သူအား တက်ရောက်ခွင့်ပိတ်ထားပြီး သူမရဲ့အမှုကို အများပြည်သူနှင့် ဆက်သွယ်ပြောဆိုခြင်းမပြုရန် အစိုးရက နှုတ်ပိတ်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီး ဇွန်လတွင် နေပြည်တော်အကျဉ်းထောင်အတွင်း အချုပ်အနှောင်သို့ မပြောင်းရွှေ့မီအထိ အမည်မသိနေရာတွင် ထိန်းသိမ်းခံခဲ့ရပါတယ်။ သူမဟာ နိုင်ငံပိုင် ရဟတ်ယာဉ်အသုံးပြုမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် စွပ်စွဲခံထားရပြီး အကျင့်ပျက်ခြစားမှု အပါအဝင် နောက်ထပ်စွဲချက် ခုနစ်ခုကို ရင်ဆိုင်နေရပါတယ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီး ရာထူးမှ ဖယ်ရှားခံရတဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အလားတူ စွဲချက်ရှစ်ခုဖြင့် စီရင်ချက်ချကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျ တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ဇူလိုင် ၂၃ ရက်က စစ်အစိုးရက သေဒဏ်ပေးကွပ်မျက်ခဲ့ပါတယ်။ သူတို့ဟာ ဆယ်စုနှစ် သုံးခုကျော်အတွင်း နိုင်ငံရဲ့ ပထမဆုံးတရားဝင် သေဒဏ်ပေးမှုဖြစ်ပြီး စစ်အစိုးရက အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင်များထံ ပေးထားတဲ့ အာမခံချက်များကို ချိုးဖောက်ကာ အခြားသော နိုင်ငံရေးအကျဉ်းသား ၁၁၇ ဦးကို သေဒဏ်ပေးမည့်အလားအလာကို မြှင့်တင်ပေးခဲ့ပါတယ်။

တရားဝင် ကွပ်မျက်ခြင်းအပြင်၊ စက်တင်ဘာလတွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံရေး အကျဉ်းသား အများအပြား သေဆုံးမှုအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပြီး ညှဉ်းပန်းနှိပ်စက်မှု အသုံးပြုမှုနှင့် တာဝန် ရှိသူများကို စုံစမ်းစစ်ဆေးရန် (သို့) အရေးယူရန် ပျက်ကွက်မှု အပါအဝင် အမှုခြောက်ခုကို မီးမောင်းထိုးပြခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် - NLD ပြောရေးဆိုခွင့်ရှိသူဟောင်း ဦးမျိုးညွှန့်နှင့် ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဦးမြအေးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၇၀၀ ခန့်ကို အမျိုးသားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ တစိတ်တပိုင်းအဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၆,၀၀၀ နီးပါးကို စစ်အစိုးရက လွှတ်ပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ မပါဝင်တဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်က အကျဉ်းသား ၈၀၀ ကျော်ကို စစ်အစိုးရက လွှတ်ပေးခဲ့ပါတယ်။ ဧပြီလ ၁၇ ရက် ဗုဒ္ဓဘာသာ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ရခိုင့်တပ်မတော် EAO နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးထားသူ ၄၆ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦး အပါအဝင် အကျဉ်းသား ၁၆၀၀ ကျော်ကို လွှတ်ပေးမယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။ .

နိုင်ငံဖြတ်ကျော်ပြီး ဖိနှိပ်မှု၊
နှစ်နိုင်ငံ ဖိအား- NUG အဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီတို့ အပါအဝင် ဒီမိုကရေစီ ထောက်ခံသူများရဲ့ စွမ်းရည်ကို လျော့ပါးသွားစေရန် မြန်မာ နယ်စပ် ဖြတ်ကျော် သွားလာမှု များကို တင်းကျပ်စွာ ထိန်းချုပ်ရန် ထိုင်းအစိုးရအား ဖိအားပေး ရန် ကြိုးပမ်းခဲ့တယ်လို့ ခိုင်လုံသော သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

အရပ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကုစားမှုများ
အဆိုပါဥပဒေသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရပ်ဘက်ဆိုင်ရာ ကုစားမှုများရှာဖွေရန် ရာဇသတ်ကြီးဥပဒေနှင့် အရပ်ဘက်လုပ်ထုံးလုပ်နည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အသုံးပြုရန် ခွင့်ပြုထားပါတယ်။ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များသို့ ဆိုးရွားသော ဆုံးဖြတ်ချက်ကို အယူခံဝင်ခြင်းမပြုနိုင်သော်လည်း စစ်အစိုးရက ထိန်းချုပ်ထားသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင် (သို့) ကော်မရှင်မှတစ်ဆင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြှင့်တင်ရန် တိုင်ကြားသူများရဲ့ လုပ်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေဆဲဖြစ်တယ။ ဇူလိုင်လတွင် စစ်ကောင်စီ ထိန်းချုပ်သော တရားလွှတ်တော်ချုပ်က အရပ်ဖက် အမှုများတွင် တရားရုံးပေါင်းစပ်နည်းလမ်းဖြင့် အဖြေရှာပေးမှုအပေါ် နည်းလမ်းများ ပြဌာန်းခဲ့သော်လည်း အချက်အလက်အသေးစိတ်များအပေါ် မြင်သာမှုကန့်သတ်ထားခဲ့ပါတယ်။

ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သည် မြေယာအားလုံးကို ပိုင်ဆိုင်ထားပြီး တစ်ချို့သော မြေယာများကိုသာ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်များကို မှတ်ပုံတင်၍ ရောင်းဝယ်ခွင့်ပြုထားပါတယ်။ မြေယာများအများစုကို အစိုးရက ပိုင်ဆိုင်ထားသော်လည်း တာဝန်ခံပုဂ္ဂလိကအဖွဲ့များက အတော်ကြာစွာ အငှားထားနိုင်ပြီး ကာလကုန်ဆုံးပါက အင်အားအရ အငှားခွင့်ဟာ အလိုအလျောက် သက်တမ်းတိုးဖွဲ့ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။
အစိုးရက အများပြည်သူအကျိုးအတွက် ပုဂ္ဂလိကမြေများကို သိမ်းဆည်းရယူသည့်အခါ အလျော်အစားပေးရန် ဥပဒေက ပြဌာန်းထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် အခြေအနေမှာ မရေရာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသည် အသုံးမပြုသော (သို့) "လပ်သော" မြေကွက်များဟု ကြေညာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပေးအပ်နိုင်သလို အခြားရည်ရွယ်ချက်များအတွက် သတ်မှတ်နိုင်ပါတယ်။
မြေယာပိုင်ဆိုင်မှု (သို့) သိမ်းယူမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို တရားရေးစစ်ဆေးမှု မရှိဘဲ စစ်ကောင်စီ ထိန်းချုပ်ထားသော အုပ်ချုပ်ရေးအဖွဲ့များက အဆုံးအဖြတ်ဆောင်ရွက်တယ်။ ဥပဒေသည် ရိုးရာမြေသိမ်းစနစ်များကို အသိအမှတ်ပြုမှုမပြုပါ။ စစ်အာဏာရှင်များက ဒီမိုကရေစီပံ့ပိုးသူများ၏ ပစ္စည်းများကို သိမ်းယူမှုများ ရှိခဲ့ကြောင်း အစီရင်ခံချက်များစွာ ပြဿနာထွက်ပေါ်ခဲ့ပါတယ်။

သြဂုတ်လတွင် စစ်အစိုးရ ထိန်းချုပ်ထားသော တရားရုံးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွဲကွာနေသော အကိုဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဦးမှ မိသားစုနေအိမ်ကို ရောင်းချရန် အသနားခံစာကို သြဂုတ်လတွင် အတည်ပြုခဲ့ပါတယ်။ အဆိုပါ နေအိမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇ သန်းခန့်ရှိပြီး တရား၀င်အငြင်းပွားမှုများရှိခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လတွင် စစ်အစိုးရက တရားရုံး စီရင်ချက် (သို့) အမိန့်မပေးဘဲ လုပ်ဆောင်ခြင်းဖြင့် PDF တိုက်ခိုက်ရေးသမားများ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပံ့ပိုးကူညီတယ်လို့ စွပ်စွဲကာ မန္တလေးမြို့ရှိ ကျောက်မျက်လုပ်ငန်းပိုင်ရှင်ထံမှ အမေရိကန်ဒေါ်လာ ၅.၆ သန်းခန့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပါတယ်။ ဖမ်းဆီးရမိမှုတွင် မော်တော်ယာဉ်များ၊ အိမ်များနှင့် ကျောက်စိမ်းများ အပါအဝင် ပစ္စည်းများ အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့အထိ၊ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ဆက်စပ်နေသော လူတစ်ဦးချင်းပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု ၅၈၀ ခန့်ကို စစ်အစိုးရက သိမ်းဆည်းရမိခဲ့တယ်လို့ ယုံကြည်ရလောက်သော မီဒီယာများရဲ့ အစီရင်ခံချက်တွင် ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ NUG (သို့) သူတို့ရဲ့ မိသားစုများ ပိုင်ဆိုင်တဲ့ ပစ္စည်းများကိုလည်း စစ်အစိုးရက သိမ်းဆည်းခဲ့ပါတယ်။ အစိုးရသည် တရားခံပိုင်ဆိုင်သော ပစ္စည်းများကို တရားလက်လွတ် သိမ်းယူခွင့်ပြုရန် ဥပဒေများကို ပြင်ဆင်ခဲ့ပါတယ်။ အမှုအများစုတွင် သံသယရှိသူအား စွဲချက်တင်ပြီးနောက် ထိုသို့ဖမ်းဆီးရမိမှုများ ဖြစ်ပွားခဲ့သော်လည်း အချို့ကိစ္စများတွင် စွဲချက်မတင်မီ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပါတယ်။

F. ကိုယ်ရေးကိုယ်တာ ၊ မိသားစု ၊ အိမ် ၊ သို့မဟုတ် စာပေးစာယူ နှင့် မတရားသော စွက်ဖက်မှု၊
အာဏာသိမ်းမှုမတိုင်မီ ဥပဒေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အိမ်လုံခြုံရေးကို အကာအကွယ်ပေးထားသော်လည်း၊ 2021 ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရသည် နိုင်ငံသားများရဲ့ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို အကာအကွယ်ပေးတဲ့ ဥပဒေအား ဖမ်းဝရမ်းမပါဘဲ ပိုင်ဆိုင်မှုများ တရားဝင်ဖြစ်စေရန်အတွက် ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်အသိမပေးဘဲ ညအချိန် အိမ်တွင်းစစ်ဆေးမှုများ အဖြစ်များပါတယ်။ ဥပဒေသည် စာပေးစာယူ (သို့) အခြားဆက်သွယ်မှုများရဲ လျှို့ဝှက်ချက်ကို အကာအကွယ်မပေးပါ။ စစ်အစိုးရဟာ အွန်လိုင်း စောင့်ကြည့်ခြင်းမှ တဆင့် ပုဂ္ဂလိက အီလက်ထရွန်နစ် ဆက်သွယ်ရေး ဆက်သွယ်ရေးများကို ပုံမှန် စောင့်ကြည့်နေပါတယ်။ ဒီမိုကရေစီ ထောက်ခံသူများကို စစ်အစိုးရက စောင့်ကြည့်နေကြောင်း အစီရင်ခံစာ အများအပြားရှိခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် မျက်နှာမှတ်သားမှုလုပ်ဆောင်ရည်ပါတြ့ ကင်မရာများ တပ်ဆင်ထားကြောင်း ဇူလိုင်လတွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရာဇဝတ်မှုများကို ကာကွယ်ရန်အတွက် တပ်ဆင်ထားသော ကင်မရာစနစ်များအဖြစ် စစ်အစိုးရက အကြောင်းပြကာ မြို့ကြီးငါးမြို့တွင် တပ်ဆင်ခဲ့ပါတယ်။

G. ပဋိပက္ခဆိုင်ရာ ချိုးဖောက်မှုများ
ချင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တပ်မတော်မှ ၂၀၂၀ ခုနှစ် အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့ အပါအဝင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သတ်ဖြတ်မှု၊ ပျောက်ဆုံးမှု၊ အင်အားအလွန်အကျွံသုံးစွဲမှု၊ အရပ်သားများရဲ့ ဘဝအပေါ် လျစ်လျူရှုမှု၊ လိင်နှင့် ကျားမရေးရာအခြေခံအကြမ်းဖက်မှုများနှင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်တဲ့ အခြားအလွဲသုံးစားမှုများ အဖြစ်များပါတယ်။ EAO နှင့် PDF အဖွဲ့အချို့ဟာ အလားတူ ချိုးဖောက်မှုများဖြင့် စွပ်စွဲခံခဲ့ရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် အရပ်သား ၂၅ ဦး သေဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ် “ဝေါလယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” တွင် ဗိုလ်ချုပ်ကြီး စောနေဒါမြနှင့် ဒုဗိုလ်ချုပ်ကြီး စောဘဝါးတို့ကို ဇန်နဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

သတ်ဖြတ်မှုများ- စစ်အစိုးရနှင့် အတိုက်အခံအင်အားစုအချို့ရဲ့ အင်အားအလွန်အကျွံ (သို့) တရားမျှတမှုမရှိသော အင်အားအသုံးပြုမှုကြောင့် တမင် သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းများ ရှိကြောင်း သိရပါတယ်။ စစ်တပ်ဟာ အရပ်သားများကို သေကြေပျက်စီးစေတဲ့ လေကြောင်းတိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။

ဇန်န၀ါရီလတွင် ကရင်နီပြည်နယ်တွင် ဝန်ထမ်းများနှင့် လူနာများ ရုန်းရင်းဆန်ခတ်ဖြစ်မှုများနှင့် အစိုးရမှ လျှပ်စစ်မီးပြတ်တောက်မှုများကြားတွင် လွိုင်ကော်ဆေးရုံမှ ဝန်ထမ်းများနှင့် လူနာများ ထွက်ပြေးခဲ့ရပါတယ်။ အစိုးရလေယာဉ်များဟာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ (IDP) စခန်းနှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး IDP ခြောက်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း တာမွေမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို တပ်မတော်ရဟတ်ယာဉ်နှစ်စင်းမှ ဗုံးများ ကျရောက်ခဲ့ရာ ကလေးငယ် ၇ ဦး သေဆုံးကာ ၁၄ ဦးနှင့် ဆရာမ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီ သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ နောက်ပိုင်းတွင် အစိုးရစစ်သားများက ရွာကို ဝင်ရောက်စီးနင်းသောအခါ နောက်ထပ် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကလေးခုနစ်ဦးကို စစ်သားများက မီးသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။ “စစ်တပ်က စစ်သားတွေက အလောင်းကို အစိတ်အပိုင်းတစ်ခုထဲ မထားခဲ့တဲ့အတွက် မိဘတွေက အသုဘအခမ်းအနား မကျင်းပနိုင်ဘူး” ဟု ရွာသားတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဗုံးပေါက်ကွဲမှု နှစ်ခုနှင့် နောက်ဆက်တွဲ ပစ်ခတ်မှု ဖြစ်ပွားရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ အစိုးရထိန်းချုပ်ထားသော MRTV မှ ဖောက်ခွဲမှုများသည် “အတိုက်အခံ အကြမ်းဖက်သမားများ” ရဲ့ အကျဉ်းထောင်အတွင်းသို့ ဧည့်သည်များအဖြစ် ဟန်ဆောင်ထားသော “မိုင်းတွင်းရှိ မိုင်းများ” ကြောင့် ဖြစ်ပွားကြောင်း ကြေညာခဲ့ပါတယ်။ အသတ်ခံရသူများတွင် ထောင်အရာရှိ သုံးဦးနှင့် ဧည့်သည်ငါးဦး၊ နောက်ထပ် ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ထောင်ကျနေတဲ့ ဆွေမျိုးများထံ ရိက္ခာနှင့် အခြားလိုအပ်ရာများ ပို့ဆောင်ရန် ထောင်ထဲတွင် ရှိနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အရပ်သား အများအပြား ရှိနေကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို ပြောပါတယ်။ ဗုံးပေါက်ကွဲမှုများအပြီးတွင် ထောင်ကင်းမျှော်စင်မှ သေနတ်သံများ ထွက်ပေါ်လာခြင်း - ထောင်အစောင့်များ (သို့) စစ်အစိုးရတပ်များက ယူဆရတဲ့ သေနတ်သံများ - တည်နေရာရှိ လူများ ကွဲလွင့်သွားခဲ့ပါတယ်။

ပြန်ပေးဆွဲမှုများ- စစ်ကိုင်းတိုင်း ရင်မပင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း နှစ်ရက်ကြာ ဓားစာခံအဖြစ် တပ်မတော်က ကလေး ၈၀ အပါအဝင် အရပ်သားတစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း အပါအဝင် ထိုကဲ့သို့ ကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဝင်ရောက်စီးနင်းမှုအတွင်း အသက် ၁၂ နှစ်အောက် ကလေးငယ်များကို ဘုန်းကြီးကျောင်းတွင် ကျောင်းတက်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဧရာဝတီသတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။

ရုပ်ပိုင်းဆိုင်ရာအလွဲသုံးစားမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု- စစ်တပ်နှင့် အတိုက်အခံအင်အားစုအချို့မှ ထိုသို့သော အလွဲသုံးစားမှုများကို တိုင်ကြားမှုများရှိခဲ့ပါတယ်။ စစ်ကိုင်းအခြေစိုက် PDF အဖွဲ့ ၆၃ ဖွဲ့ဟာ ယင်းမာပင် PDF အဖွဲ့အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူ ၂၁ ဦးကို သတ်ဖြတ်မှု အပါအဝင် အရပ်သားများနှင့် အခြား PDF အဖွဲ့ဝင်များအပေါ် အရေးယူမှုများအတွက် ရှုတ်ချကြောင်း ပူးတွဲကြေညာချက်ကို မတ်လတွင် ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ အတိုက်အခံ အင်အားစုတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းပရိယာယ် အသုံးပြုမှု မှတ်တမ်း ပေါက်ကြားလာတဲ့ ဗီဒီယို ခုနစ်ခုကို နိုဝင်ဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုများတွင် ချည်နှောင်ထားတဲ့ လူများကို တုံ့ပြန်ခြင်း မရှိတော့သည်အထိ ရိုက်နှက်ခြင်းများ ပါဝင်ပါတယ်။

ကလေးစစ်သားများ- တပ်မတော်နှင့် EAO အချို့ (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်နှင့် ရခိုင့်တပ်မတော်) တို့ကို ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ 2022 ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ကလေးသူငယ်များအား တရားမဝင် စုဆောင်းခြင်းနှင့် အသုံးချခြင်းကို ကျူးလွန်သူများအဖြစ် ဖော်ပြထားပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ကဲ့သို့သော အခြားသော EAO များသည်လည်း ကလေးများကို စုဆောင်းအသုံးပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဓမ္မစေခိုင်းမှု ပပျောက်ရေးအပေါ် အာရုံစိုက်သော်လည်း ကလေးစစ်သားစုဆောင်းမှုနှင့် အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာများကို လက်ခံရရှိတဲ့ အမျိုးသားတိုင်ကြားစာအား အဓိပ္ပာယ်ပြည့်ဝစွာ အသုံးပြုခြင်းမှာ အကန့်အသတ်ရှိပါတယ်။ စစ်အစိုးရ (သို့) EAO များက ပြစ်မှုကျူးလွန်သူများဟု တရားစွဲကြောင်း ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရပါ။

မြန်မာနိုင်ငံတွင် 2021 ခုနှစ် မတ်လမှ 2022 ခုနှစ် မတ်လအထိ ကလေးစစ်သားများ အသုံးပြုခြင်း အမေရိကန်အစိုးရမှ ယူဆပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်လူကုန်ကူးမှုအစီရင်ခံစာကို www.state.gov/trafficking-in-persons-report/ တွင် ကြည့်ရှုပါ။

အခြားသော ပဋိပက္ခနှင့် ဆက်နွှယ်သော အလွဲသုံးစားမှု- ပြည်တွင်း မီဒီယာ အများအပြားရဲ့ အစီရင်ခံစာအရ ကုလသမဂ္ဂ အရာရှိများနှင့် NGO များသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများမှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ အဓိက အားဖြင့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်၊ ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့ကို ဆေးဝါး ထောက်ပံ့မှုများ အပါအဝင် ကယ်ဆယ်ရေး အထောက်အပံ့များ ဖြတ်သန်းခွင့်ကို ကန့်သတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံတင်ပြသည်မှာ တစ်နှစ်တာအတွင်း အကူအညီပေးရန် ပစ်မှတ်ထားတဲ့ လူ ၆.၂ သန်းအနက် အနည်းဆုံး ၁.၄ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို “ခက်ခဲသည်” (သို့) “အလွန်ခက်ခဲသည်” ဟု သတ်မှတ်ခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ High Commissioner ရုံးရဲ့ ဇွန်လ ၂၈ ရက် နောက်ဆုံးရသတင်းတစ်ရပ်တွင် ဇွန်လ ၂၈ ရက်တွင် အဖွဲ့အစည်းများ၊ စစ်ရေးအာဏာပိုင်များသည် “ဒီလိုကာလကြောင့် ထိခိုက်မှုရဲ့ ခံစားမှုများ၊ စစ်မှုထမ်းမှုများကြောင့် အကျိုးထိခိုက်မှုရှိနေသော ပြည်သူများမှ အထွေထွေ ဝင်ရောက်ရန် ခက်ခဲနေသည်” ဟု သတင်းပေးကြားခဲ့ပါတယ်။ ကူညီပေးသူများသည် အခွင့်ပြုချက်များမှာ ကြာကြာနှုန်းစစ်ကြိုးမှုများ၊ ရေမလုံလောက်မှု၊ နှင့် ကူညီပေးမှုများစွာကို အကြည့်ခံနေရန် ရင်ဆိုင်ကြရပါတယ်။ ဒေသခံအစီရင်ခံစာများအရ စစ်အာဏာပိုင်များသည် အစားအသောက်၊ ဆေးဝါးများနှင့် IDP များအတွက် ရောက်ရှိရန် ချီးမြှောက်သော မော်တော်ဘိုက်များကို ထိန်းချုပ်ထားသော စစ်အခြေစိုက်မှုများရှိကြောင်း ပြသပါတယ်။ လူ့အခွင့်အရေးအထူးသုံးသပ်သူ၏ အစီရင်ခံစာအရ စစ်အာဏာပိုင်များသည် ဆေးဘက်ဆိုင်ရာ အလုပ်သားများနှင့် လူနာများကို ဖမ်းဆီးခဲ့ပြီး၊ ဆေးရုံများကို ကာကွယ်ဆဲြခဲ့ပြီး၊ ကုန်ကြမ်းနှင့် ဆေးဝါးပစ္စည်းများကို အကာအကွယ်စခန်းများသို့ အထောက်အထားများဖြင့် မရောက်ရှိရန် ကန့်သတ်ခဲ့တယ်။

နယူးဒယ်ဟီတွင် အခြေစိုက်သော ထင်ရှားအဖွဲ့၊ Observer Research Foundation သည် ဇွန်လတွင် “စစ်အစိုးရက ပြည်တွင်း အပစ်တိုက်ခံစားမှုတွင် လူသားအကူအညီများကို ကန့်သတ်ထားသည်။ သံလွင်ပစ္စည်းများကို ပိတ်ထားသော်လည်း ခရီးသွားခွင့်မပေးခဲ့ပါ။ ချင်းပြည်နယ်နှင့် အမြောက်အမြားမြောက်နှစ်လမ်းတန်းအပိုင်းတွင် ပစ္စည်းများအတွက် လှုပ်ရှားမှုများအပြောင်းအလဲတ nearly နီးပါး ရပ်ဆိုင်းခဲ့ပြီး၊ ပုံမှန်စစ်ဆေးမှုများ ဖြစ်ပေါ်နေသည်” ဟု သတင်းပေးခဲ့ပါတယ်။”

စစ်တပ်သည် အရပ်သားများအား လူသားဒိုင်းအဖြစ် လုပ်ဆောင်ရန်၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရန် (သို့) အခြားသော ထောက်ပံ့ရေး အခန်းကဏ္ဍများတွင် ထမ်းဆောင်ရန် ခိုင်းစေခဲ့ကြောင်း၊ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုကြောင်း လူ့အခွင့်အရေးအဖွဲ့များက မှတ်တမ်းတင်ထားပါတယ်။ NGO Global Protection Cluster အတွင်းရှိ မိုင်းတွင်းတာဝန်ရှိနယ်မြေက ဇန်နဝါရီလမှ ဇွန်လအထိ မြေမြုပ်မိုင်း ပေါက်ကွဲမှု ၁၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၃ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှာ စစ်တပ်က အိမ်ခြေ ၇၀၀ နီးပါး မီးရှို့ခဲ့တယ်လို့ Free Asia က ဖော်ပြပါတယ်။ မေလတွင် မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အင်စတီကျုမှ ခန့်မှန်းခြေအားဖြင့် အိမ်ခြေ 22,299 လုံး အာဏာသိမ်းပြီးကတည်းက မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းတွင် ၁၅,၅၃၀ ရှိပါတယ်။ မတ်လတွင် ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်အစိုးရက အာဏာသိမ်းပြီးနောက်ပိုင်း ဖျက်ဆီးခဲ့တဲ့ အဆောက်အဦများထဲတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အဦး ၁၀၀ ကျော်ရှိပါတယ်။

စက်တင်ဘာလအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဏာသိမ်းပြီးကတည်းက ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်မှု ၃၁၉ မှု ဖြစ်ပွားခဲ့ပြီး အဲဒီကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဝန်ထမ်း တိုက်ခိုက်မှုတွေရဲ့ ၂၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၄၇ ဦး (ကမ္ဘာ့စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း) သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။

Previous