USIRD Connect

အပိုင်း ၅။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ စွပ်စွဲချက်များအပေါ် နိုင်ငံတော်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ စုံစမ်းစစ်ဆေးမှုများကို အစိုးရက ပြုမူသော လုပ်ရပ်များ။

စစ်အစိုးရသည် ပြည်တွင်းလူ့အခွင့်အရေးအဖွဲ့အစည်းများကို လွတ်လပ်စွာ (သို့) ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ခွင့်မပြုပါ။ လူ့အခွင့်အရေး NGO များဟာ ဆက်လက် လည်ပတ်နေသော်လည်း အာဏာပိုင်များရဲ့ နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ နှင့် နိုင်ထက်စီးနင်း ဖမ်းဆီးခြင်းတို့ကို ခံခဲ့ရပါတယ်။ ဥပမာ စစ်အစိုးရဟာ တစ်ခါတစ်ရံတွင် တက်ကြွလှုပ်ရှားသူများ (သို့) အရပ်ဘက်အဖွဲ့အစည်းများမှ စီစဉ်သော အစည်းအဝေးများကို လက်ခံကျင်းပခြင်းမပြုရန် ဟိုတယ်များနှင့် အခြားနေရာများကို ဖိအားပေးခဲ့ပါတယ်။ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည်လည်း NGO ရုံးများကို ဖျက်ဆီးခဲ့ပါတယ်။
ကုလသမဂ္ဂ (သို့) အခြားသော နိုင်ငံတကာအဖွဲ့များ- စစ်အစိုးရသည် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် (သို့) စွပ်စွဲချက်ရှိသောနေရာများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးရန် ကြိုးပမ်းချက်များအားစနစ်တကျ ငြင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာရှိ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လှုပ်ရှားမှုကို ထောက်ခံသူများအပါအဝင် နိုင်ငံတကာအရေအတွက် ကန့်သတ်ထားသည့်အဖွဲ့အစည်းများသည် ဗီဇာကန့်သတ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ နိုင်ငံတကာရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) ရဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်သူများကို အကြိမ်ကြိမ် ငွေကြေးအချက်အလက်များ၊ နိုင်ငံခြားထောက်ပံ့မှုများနှင့် ပတ်သက်သော အချက်အလက်များကို ပေးပို့ရန် တောင်းဆိုခြင်းခံရကြောင်း အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားပါတယ်။ ဘဏ်မှ ငွေထုတ်ယူရာတွင်လည်း ငွေထုတ်သူများထံမှ အစီအစဉ်စာချုပ်များနှင့် ဒေသတွင်းလုပ်ဖော်ကိုင်ဖက်များရဲ့ စာရင်းများတောင်းခြင်းခံရကြောင်း ဆိုပါတယ်။

မြန်မာအစိုးရသည် နိုင်ငံတွင်း ရက်စက်ယုတ်မာမှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖန်တီးထားသော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအား မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) ခွင့်ပြုရန် ငြင်းဆိုထားပါတယ်။

စစ်အစိုးရသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေအပေါ် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဝင်ရောက်စုံစမ်းရန် ဆက်လက်ငြင်းဆိုနေဆဲဖြစ်ပါတယ်။စစ်အစိုးရက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အား သြဂုတ်လတွင် လာရောက်လည်ပတ်ရန် ခွင့်ပြုခဲ့သော်လည်း အထိန်းသိမ်းခံထားရသော ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ အခြားအဓိကအဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်မပြုခဲ့ပါ။

အစိုးရလူ့အခွင့်အရေးအဖွဲ့များ- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမည်ခံပါဝါရှိပြီး အချို့ကိစ္စများတွင် အလွဲသုံးစားမှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုနိုင်သည်။ အမှန်မှာ၊ ကော်မရှင်သည် ယုံကြည်စိတ်ချရသော လွတ်လပ်သောယန္တရားတစ်ခုအဖြစ် လုပ်ဆောင်ရန် အကန့်အသတ်များရှိပါတယ်။ ကော်မရှင် ပြုပြင်ပြောင်းလဲရေးကို အဓိကထား လုပ်ဆောင်နေတဲ့ ပြည်တွင်း NGO တဦးက စစ်အစိုးရကို ရှုတ်ချရန် အရပ်ဘက်အဖွဲ့အစည်းများထံမှ တောင်းဆိုမှုများကို လျစ်လျူရှုထားပြီး ကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေး အကျဉ်းသားများထံမှ ငွေညှစ်ယူတယ်လို့လဲ ဆိုထားပါတယ်။

Previous