USIRD Connect

၃။ လူဝင်မှုကြီးကြပ်ရေးတရားရုံးက လုပ်ငန်းစဉ် ဘယ်လောက်ကြာမလဲ ?

လူဝင်မှုကြီးကြပ်ရေး တရားရုံးတစ်ခု၏ အရှည်သည် များစွာကွဲပြားနိုင်သည်။ အကယ်၍ သင်သည် ခိုလှုံခွင့်လျှောက်ထားပါက၊ သင့်အမှုသည် တစ်ခါတစ်ရံ ပြီးမြောက်ရန် နှစ်များစွာ ကြာနိုင်သည်။ အခြားအချိန်များတွင် သင့်အမှုသည် တစ်နှစ်အောက်သာ ကြာနိုင်သည်။ သင့်အမှုကြာချိန်ကာလသည် သင်ခိုလှုံခွင့်ရရှိ/မရှိနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မဆုံးဖြတ် ပေးနိုင်ပါ။

သင့်အမှုအား ဆိုင်ငံထားစဉ် အတွင်း သင်သည် ပြည်နှင်ဒဏ်ခံရမည်မဟုတ်ကြောင်း မှတ်သားထားရန်လိုအပ်သည်။ သို့သော်လည်း immigration တရားရုံး ကြားနာမှုကို လွတ်သွားပါက သင်သည် ပြည်နှင်ဒဏ်အမိန့်ကိုလက်ခံရရှိမည် ဖြစ်ပါသည်။ သင်၏ အမှုအခြေအနေကို စစ်ဆေးရန်၊ သင့်လိပ်စာကို Update လုပ်ထားရန်နှင့် ကြားနာပွဲအားလုံးကို တက်ရောက်ရန် မမေ့ပါနှင့်။ သင့်ကိစ္စအတွက် အကူအညီရယူလိုပါက ဤနေရာတွင် တရားရေးအကူအညီကို ရှာဖွေနိုင်ပါသည်။

Previous