USIRD Connect

၄။ Immigration တရားရုံးတွင် ကျွန်ုပ်၏ နောက်တစ်ကြိမ် ကြားနာမှုသည် ဘယ်တော့လဲ?

သင်၏နောက်ထပ်ကြားနာမည့်အချိန်၊ မည်သည့်နေရာနှင့် မည်သည့်ကြားနာမှုအမျိုးအစားဖြစ်သည်ကို သိရှိရန်၊ Immigration တရားရုံးစနစ်အား စစ်ဆေးနိုင်သည်။ နောက်တစ်ကြိမ်ကြားနာမည့်အချိန်ကို သိနိုင်ရန် အပတ်တိုင်းစစ်ဆေးသင့်သည်။ သင့်ဖုန်းဖြင့် တရားရုံး၏ အလိုအလျောက် hotline သို့ ဖုန်းခေါ်ဆိုနိုင်သည် (သို့) သင့်အမှုအခြေအနေအား အွန်လိုင်းတွင် စစ်ဆေးနိုင်ပါသည်။ ဤဗီဒီယိုကိုကြည့်ပါ (သို့) အသေးစိတ်ညွှန်ကြားချက်များအတွက် ဤလက်ကမ်းကြော်ငြာကိုကြည့်ပါ။

Immigartion တရားရုံး၏ Automated hotline ကိုခေါ်ဆိုရန် 1-800-898-7180 ​​ကိုခေါ်ဆိုပါ။ အင်္ဂလိပ်လို ညွှန်ကြားချက်များအတွက် 1 သို့မဟုတ် စပိန်ဘာသာဖြင့် ညွှန်ကြားချက်များအတွက် 2 ကိုနှိပ်ပါ။ မေးမြန်းသောအခါ သင်၏ A နံပါတ်ကို ထည့်ပါ။ သင်၏ A နံပါတ်မှန်ကန်ကြောင်းအတည်ပြုရန် 1 ကိုထည့်ပါ။ အကယ်၍ System သည် သင့်အမည်ကို စာလုံးပေါင်းပြပါက သင့်အချက်အလက်များသည် system ထဲတွင် ရှိနေသည်ဟု ဆိုလိုသည်။ သင့်အမည်ကို အတည်ပြုရန် 1 ကိုထည့်ပါ။ ထို့နောက် သင်၏နောက်ထပ်ကြားနာသည့်အချိန်နှင့် ၎င်းသည်မည်သည့်ကြားနာမှုအမျိုးအစားဖြစ်သည်ကို စစ်ဆေးရန် 1 ကိုနှိပ်ပါ။

လူဝင်မှုကြီးကြပ်ရေး(Immigration) တရားရုံးစနစ်အား အွန်လိုင်းတွင် စစ်ဆေးရန် acis.eoir.justice.gov ဝဘ်ဆိုဒ်သို့ သွားပါ။ သင်၏ A နံပါတ်ကို ရိုက်ထည့်ကာ “Submit” ကိုနှိပ်ပါ။ နောက်စာမျက်နှာတွင် သင့်အမည်ကို ပြသပါက သင့်အချက်အလက်များသည် စနစ်ထဲတွင် ရှိနေသည်ဟု ဆိုလိုသည်။ သင်၏နောက်ထပ်ကြားနာမှုသည် မည်သည့်အချိန်နှင့် မည်သည့်ကြားနာမှုအမျိုးအစားဖြစ်သည်ကို "Next Hearing Information" အောက်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါရွေးချယ်မှုများကို သင်ကြိုးစားကြည့်သော်လည်း ရှုပ်ထွေးနေပါက၊ သင်၏ သီးခြားလူဝင်မှုကြီးကြပ်ရေးတရားရုံးကို ဖုန်းဆက်၍လည်း စုံစမ်းနိုင်ပါသည်။ လူဝင်မှုကြီးကြပ်ရေးတရားရုံးများအတွက် ဆက်သွယ်ရန်အချက်အလက်ကို ဤနေရာတွင် ရှာတွေ့နိုင်သည် (စာမျက်နှာအောက်ကို ဆင်းပြီး တရားရုံးအမည်ကို နှိပ်ပါ)။

နောက်ဆုံးတွင်၊ သင်၏နောက်ထပ်ကြားနာမည့်ရက်စွဲ လိပ်စာ နှင့် အတူ ကြားနာမှုသတိပေးချက်ကို လက်ခံရရှိ ရပါမည်။ သင်၏ပထမဆုံးကြားနာမှုသတိပေးချက်ကို လူဝင်မှုကြီးကြပ်ရေးတရားရုံးတွင် သင့်ပေးထားသောလိပ်စာသို့ ပေးပို့မည်ဖြစ်ပါသည်။ အခြားလိပ်စာသို့ ပြောင်းရွှေ့ပါက သင့်လိပ်စာကို သေချာ အပ်ဒိတ်လုပ်ပါ။

Previous