USIRD Connect

၅။ ကျွန်ုပ်အမှုသည် လာမည့်ကြားနာမှုစာရင်းတွင် မပါပါက ကျွန်ုပ်ဘာလုပ်သင့်သလဲ?

လူဝင်မှုကြီးကြပ်ရေးတရားရုံးဝဘ်ဆိုဒ် ကိုစစ်ဆေးကြည့်ပါ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးတရားရုံး hotline (1-800-898-7180) ကိုခေါ်ဆိုပြီး သင့်အမှုသည် စနစ်တွင်ရှိသော်လည်း လာမည့်ကြားနာမှု မရှိတော့ပါက ဘယ်လိုဖြစ်မလဲ?? သင်ရဲ့ နောက်လုပ်ငန်းစဉ်အဆင့်သည် Systemက ပြောကြားသည့်အပေါ်တွင်မူတည်သည်။

သင့်အမှုကို ဆိုင်းငံ့ထားကြောင်း စနစ်ကပြောသော်လည်း သင့်တွင် လာမည့်ကြားနာမှုမရှိပါက၊ သင်သည် ကြားနာမှု သို့မဟုတ် အချက်အလက်များကို လက်လွတ်မခံရန် သေချာအပတ်တိုင်း စနစ်အားစစ်ဆေးသင့်သည်။ သင်၏ သီးခြားလူဝင်မှုကြီးကြပ်ရေးတရားရုံးသို့လည်း ခေါ်ကြည့်ပါ။ လူဝင်မှုကြီးကြပ်ရေးတရားရုံးများအတွက် ဆက်သွယ်ရန်အချက်အလက်ကို ဤနေရာတွင် ရှာတွေ့နိုင်သည် (စာမျက်နှာကို ဆင်းပြီး တရားရုံးအမည်ကို နှိပ်ပါ)။ သင်၏ သီးခြားလူဝင်မှုကြီးကြပ်ရေးတရားရုံးသို့လည်း ခေါ်ကြည့်ပါ။ လူဝင်မှုကြီးကြပ်ရေးတရားရုံးများအတွက် ဆက်သွယ်ရန်အချက်အလက်ကို ဤနေရာတွင် ရှာတွေ့နိုင်သည် (စာမျက်နှာအောက်ကို ဆင်းပြီး တရားရုံးအမည်ကို နှိပ်ပါ)။

လူဝင်မှုကြီးကြပ်ရေး တရားသူကြီးမှ ဖယ်ရှားရန် အမိန့်ပေးသည်ဟု System ကပြောထားလျင် ကယ်၍ သင်သည်တစ်ဦးချင်း ကြားနာမှု တစ်ကြိမ်မျှ မပြုလုပ်ပါက၊ သင်သည် ကြားနာမှု လွဲချော်သွားသောကြောင့် ပြည်နှင်ဒဏ်ပေးမည့် အမိန့်ကို လက်ခံရရှိဖွယ်ရှိသည်။ ဒါပေမယ့် ပြည်နှင်ဒဏ်ပေးခံရပြီးနောက်သင်လုပ်ဆောင်နိုင်မည့် လုပ်ဆောက်ချက်များရှိနေပါသေးသည်။
ပြည်နှင်ဒဏ်ပေးမိန့်ကို လက်ခံရရှိပြီးနောက် သင်၏ရွေးချယ်မှုများအကြောင်း ဤနေရာတွင် ပိုမိုဖတ်ရှုပါ။ သင်သည် ဥပဒေရေးရာအကူအညီကို ရှာဖွေလိုပေမည်။

အကယ်၍ Systemမှ Immigrationရုံး တရားသူကြီးမှ ဖယ်ရှားရန်အမိန့်ပေးထားပြီး သင်သည် တစ်ဦးချင်း ကြားနာမှုရှိခဲ့ပါက တရားသူကြီးမှ သင်၏အမှုအား အပျက်သဘောဆောင်သော ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းကြောင့်ဖြစ်သည်။ သို့သော် သင်သည် သင်၏အမှုအတွက် ဆက်လက်တိုက်ခိုက်နိုင်ပြီး ဆုံးဖြတ်ချက်ချအပြီး ရက်ပေါင်း 30 အတွင်း လူဝင်မှုကြီးကြပ်ရေးအယူခံအဖွဲ့ (BIA) တွင်အယူခံဝင်နိုင်သည်။ သင်၏ အယူခံဝင်မှုကို ဆိုင်းငံ့ထားစဉ်တွင် သင်သည် ပြည်နှင်ဒဏ် မခံရနိုင်ပါ။

နောက်ဆုံးအနေနဲ့ သင့်တွင် မေးစရာများရှိရင် လူဝင်မှုကြီးကြပ်ရေးတရားရုံးကို ဖုန်းဆက်ပြီး စမ်းကြည့်နိုင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးတရားရုံးများအတွက် ဆက်သွယ်ရန်အချက်အလက်ကို ဤနေရာတွင် ရှာတွေ့နိုင်သည် (စာမျက်နှာကို ဆင်းပြီး တရားရုံးအမည်ကို နှိပ်ပါ)။

Previous