USIRD Connect

၁၀။ ကျွန်ုပ်၏နောက်ထပ် မာစတာပြက္ခဒိန်( Master Calendar) တရားရုံးကြားနာမှုအတွင်း ဘာတွေဖြစ်နိုင်မလဲ?

သင့်အမှု အပေါ်မူတည်၍ ပထမအကြိမ်ကြားနာပြီးနောက်တွင် သင်သည် နောက်ထပ် "မာစတာပြက္ခဒိန်" ကြားနာမှုများ ရှိနိုင်ပါသည်။ ဤမာစတာပြက္ခဒိန်ကြားနာခြင်းများသည် များသောအားဖြင့် အလွန်တိုတောင်းကြပြီး လူဝင်မှုကြီးကြပ်ရေးတရားသူကြီးက သင့်အား ကနဦးမေးခွန်းများကို မေးလိမ့်မည်။ မာစတာပြက္ခဒိန်ကြားနာမှုအတွင်း သင့်ခိုလှုံခွင့်ကိစ္စအသေးစိတ်ကို ပုံမှန်အားဖြင့် မဆွေးနွေးပါ။ မာစတာပြက္ခဒိန် ကြားနာမှုပြီး နောက်တစ်ဆင့် သင်၏ ခိုလှုံခွင့်ကိစ္စအား ရှင်းပြသောအခါတွင် တစ်ဦးချင်းကြားနာခြင်း ဖြစ်သည်။

အရေးကြီးဆုံးက ဒီလူဝင်မှုကြီးကြပ်ရေး တရားရုံးမှာ ကြားနာဖို့ပါပဲ။ အကယ်၍ သင်သည် ကြားနာပွဲသို့ မသွားပါက၊ လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက သင့်အား ပြည်နှင်ဒဏ် အမိန့်ပေးနိုင်သည်။

သင့်တွင် ရှေ့နေမရှိပါက ရှေ့နေရှာရန် တရားသူကြီးကို အချိန်ပိုတောင်းနိုင်သည်။ သင့်ပထမအကြိမ်ကြားနာချိန်အတွင်း ရှေ့နေရှာရန် တရားသူကြီးကို အချိန်ပိုတောင်းထားသော်လည်း ၎င်းကို သင်လုပ်ဆောင်နိုင်သေးသည်။ တရားသူကြီးသည် ရှေ့နေတစ်ဦးကို ရှာဖွေရန် သင်ဘယ်လို ကြိုးပမ်းအားထုတ်ခဲ့သည်ကို မေးမြန်းနိုင်သည်၊ ဒါ့ကြောင့် အဖြေတစ်ခုနှင့်အတူ ပြင်ဆင်ထားသင့်ပါသည်။ ဥပမာအားဖြင့် - ကိုယ်စားပြုလုပ်ပေးရန် သင်ခေါ်ယူထားသောနေရာအားလုံး၏ ရေးထားသောစာရင်းကို ယူဆောင်လာနိုင်သည်။

တရားသူကြီးကို ရှေ့နေရှာရန် အချိန်ပိုတောင်းပြီး ခိုလှုံခွင့်လျှောက်ထားပါက အလုပ်ပါမစ်လျှောက်ထားမှုကို နှောင့်နှေးစေနိုင်သည်။ ဤစာမျက်နှာသည် သင့်ဒေသရှိ ရှေ့နေတစ်ဦးကို ရှာဖွေရန် ကူညီပေးနိုင်သည်။

အကယ်၍ သင်သည် သင့်ကလေးများကို သင့်ကြားနာမှုသို့ ခေါ်ဆောင်ရန် လိုအပ်ပါက တရားသူကြီးအား ပထမအကြိမ် ကြားနာစဉ်တွင် မေးမြန်းခဲ့ပြီး တရားသူကြီးက မလိုအပ်ကြောင်း ပြောကြားပါက သင့်ကလေးများအား ကြားနာရန် မလိုအပ်ပါ။

တရားကြီးသူက သင့်ရဲ့ကလေးကို ခေါ်ဆောင်သင့် မခေါ်ဆောင်သင့်ကို မပြောခဲ့လျှင်၊ အကယ်၍ သင့်ကလေးသည်သင့်အမှုတွင်ပါဝင်နေပါက ခေါ်ဆောင်သွားခြင်းသည်အကောင်းဆုံးဖြစ်သည်။ ကြားနာနေစဉ်အတွင်း သင့်ကလေးများကို နောက်တစ်ကြိမ်တွင် ခေါ်ဆောင်သင့်၊ မခေါ်ဆောင်သင့်ကိုတရားသူကြီးအားမေးမြန်းနိုင်သည်။ တရားသူကြီးက မခေါ်လာနှင့် ဟုမပြောမချင်း သင့်ကလေးအားခေါ်ဆောင်သွားရပါမည်။

သင်အဆင်သင့်ဖြစ်ပါက သင့်ကြားနာနေစဉ်အတွင်း သင်၏ (Asylum application) ခိုလှုံခွင့်လျှောက်လွှာ (I-589) ကို တင်ပြနိုင်ပါသည်။ သင်အဆင်သင့်မဖြစ်သေးပါက နောက်မှအခြားမာစတာပြက္ခဒိန်ကြားနာမှုတွင်၊ စာတိုက်ဖြင့် (သို့) လူဝင်မှုကြီးကြပ်ရေးတရားရုံးဝင်းတို့တွင် ပေးပို့နိုင်ပါသည်။ အကယ်၍ သင်သည် ခိုလှုံခွင့် တောင်းခံလိုပါက၊ သင်သည် ယေဘူယျအားဖြင့် အမေရိကန်သို့ ရောက်ရှိပြီး တစ်နှစ်အတွင်း လျှောက်လွှာတင်သင့်ပါသည်။

Previous