USIRD Connect

USCIS တွင် Asylum ဘယ်သူတွေ လျှောက်ထားနိုင်သလဲ??

အကယ်၍ သင်သည် အရွယ်ရောက်ပြီးသူဖြစ်ပါက၊ Immigration Court တွင် အမှုတွဲမရှိပါက USCIS တွင် ခိုလှုံခွင့်လျှောက်ထားနိုင်ပြီး သင်အမေရိကန်သို့ရောက်ရှိပြီး တစ်နှစ်အောက်ဖြစ်ရမည်။ အကယ်၍ သင်အမေရိကန်သို့ရောက်ရှိပြီး တစ်နှစ်ကျော်ကြာပါက၊ အချို့သောအခြေအနေများတွင် Asylum လျှောက်ထားနိုင်သေးသည်။

အကယ်၍ သင်သည် အသက် 18 နှစ်အောက်ဖြစ်ပြီး သင်သည် " unaccompanied minor " ဖြစ်ပါက USCIS တွင် ခိုလှုံခွင့်လျှောက်ထားနိုင်ပါသည်။ Immigration Court တွင် caseရှိလျှင်လည်းပြဿနာ မရှိပါ။ အမေရိကန်မှာ တစ်နှစ်ထက်ပိုကြာနေတယ်ဆိုရင်လည်း အရေးမကြီးပါဘူး။

အကယ်၍ သင်သည် အသက် 18 နှစ်အောက်ဖြစ်သော်လည်း သင်သည် " unaccompanied minor " မဟုတ်ပါက၊ သင်သည် Immigration Court တွင် အမှုမရှိပါက USCIS တွင် ခိုလှုံခွင့်လျှောက်ထားနိုင်ပါသည်။ သင်အမေရိကန်သို့ရောက်ရှိသည့်နေ့မှတစ်နှစ်အတွင်းလျှောက်ထားလျှင် အကောင်းဆုံးဖြစ်တယ်၊
ဒါပေမယ့်သင်အမေရိကန်တွင်တစ်နှစ်ထက်ပိုကြာနေသော်လည်းသင်ခိုလှုံခွင့်လျှောက်ထားနိုင်သေးသည်။

Previous