USIRD Connect

သတ်မှတ်ထားသောရက်တွင် ကိုယ့်ရဲ့ Asylum Interview ကို မတက်ရောက်နိုင်ပါက ဘာလုပ်သင့်သလဲ???

အကယ်လို့ သင့်အင်တာဗျူးကို မတက်ရောက်နိုင်ပါက အင်တာဗျူးရက်ချိန်းပေးရန် တောင်းဆိုနိုင်ပါတယ်။ ဒီတောင်းဆိုမှုကို ပြုလုပ်ရန်အတွက် သင်ဟာ မူလ Asylum အင်တာဗျူးသတိပေးချက်တွင် အောက်ခြေဘယ်ဘက်အကွက်တွင် မသွားနိုင်ရသည့် အကြောင်းရင်းကို ရေးသားနိုင်ပါတယ်။ ပြီးရင် သင်မှတ်တမ်းတင်ရန်အတွက် မိတ္တူကူးပါ (သို့) ဓာတ်ပုံရိုက်ပါ။ ထို့နောက် သင့်အကြောင်းကြားစာတွင် ဖော်ပြထားသော ခိုလှုံခွင့်ရုံးသို့ မူရင်းကို Mail ပို့နိုင်ပါတယ်။ သင့်ရဲ့ Appointment ကို အချိန်ပြန်လည်သတ်မှတ်ရန် တောင်းဆိုချက်သည် သင့်ချိန်းထားသည့် အင်တာဗျူးရက်မတိုင်မီ ရောက်ရှိလာရန် လိုအပ်ပါတယ်။

သင့်အင်တာဗျူးကို ပြန်စီစဉ်ရန် ခက်ခဲနိုင်သည်။အဲ့တာဟာ သင့် Work permit applicationကို နှောင့်နှေးစေနိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အင်တာဗျူးမယ့်အချိန်ကို သွားသင့်ပါတယ်။ သင့်အင်တာဗျူးကို လွတ်သွားပြီသားဆိုလျှင် သင်လုပ်ဆောင်နိုင်သည့် အဆင့်များအကြောင်း ကျေးဇူးပြု၍ ဖတ်ပါ။

Previous