USIRD Connect

အင်တာဗျူးမဖြေခင် အချိန်ဘယ်လောက်စောင့်ရမလဲ?? လုပ်ငန်းစဉ်ကို ပိုမြန်အောင် လုပ်လို့ရမလား???

ကံမကောင်းစွာနဲ့ပဲ ဒီမေးခွန်းအတွက် ရှင်းရှင်းလင်းလင်း အဖြေမရှိပါ။ သင့်ရဲ့ Asylum Interview အတွက်အကြာကြီး စောင့်ရခြေရှိလိမ့်မည်။

လက်ရှိတွင်၊ USCIS သည် သူတို့ဝင်လာသည့်အစီအစဥ်အတိုင်း ခိုလှုံခွင့်ကိစ္စများကို မလုပ်ဆောင်ဘဲ၊ ရှေးအကျဆုံးအမှုများနှင့် ပထမဆုံးစတင်ပါတယ်။ အဲ့အစား 2018 ခုနှစ် ဇန်နဝါရီလတွင်သူတို့သည် မကြာသေးမီက တင်သွင်းခဲ့သော အမှုတွဲများကို ဦးစားပေးစတင်ခဲ့ပါတယ်။ တစ်နည်းဆိုရသော် USCIS သည် ယခုနောက်ဆုံးပေါ် ခိုလှုံခွင့်ကိစ္စများကို ဦးစွာလုပ်ဆောင်နေပြီး သက်တမ်းအရင့်ဆုံး ခိုလှုံခွင့်ကိစ္စများသည် နောက်ဆုံးဖြစ်သည်။ ဒီစနစ်ကို “Last In First Out” ဟုခေါ်သည်။

အကယ်လို့ သင်သည် 2018 ခုနှစ် ဇန်နဝါရီလ မတိုင်မီ သင်၏ ခိုလှုံခွင့် လျှောက်လွှာကို တင်သွင်းခဲ့ပါက၊ သင်သည် သင်၏ အင်တာဗျူးအတွက် စီစဉ်ထားခြင်း မပြုမီ အချိန်အကြာကြီး စောင့်ဆိုင်းနေနိုင်ပါတယ်။

အကယ်၍ သင်သည် 2018 ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် သင်၏ ခိုလှုံခွင့် လျှောက်လွှာကို တင်သွင်းခဲ့ပါက သင်သည် အင်တာဗျူးအတွက် ပိုမိုမြန်ဆန်စွာ စီစဉ်ပေးနိုင်သည်။

သင်၏ ခိုလှုံခွင့် အင်တာဗျူးအတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီး လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်မလား သိချင်ပါက သင်လုပ်ဆောင်နိုင်သော အဆင့်များအကြောင်း ဤနေရာတွင် ဖတ်ရှုပါ။

Previous