USIRD Connect

၃။ Asylum တင်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?

ကိုယ်က Asylum အောင်သွားခဲ့ရင်
၁) ကိုယ့်ကို ကိုယ့်နိုင်ငံဆီ ပြန်ပို့ခံရခြင်းကနေ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ တရားဝင်နေထိုင်နိုင်ပြီး နိုင်ငံရဲ့ကြိုက်တဲ့နေရာမှာ ဆန္ဒရှိသလောက် အလုပ်လုပ်နိုင်ပါတယ်။
၂) ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ကလေးတွေ (သူတို့ဟာအမေရိကန်နိုင်ငံပြင်ပမှာနေထိုင်သည်ဖြစ်စေ နိုင်ငံအတွင်းမှာ တရားမဝင်နေထိုင်သည်ဖြစ်စေ) ၎င်းတို့ဖို့ပါ မိမိ Asylum Application လျှောက်ထားတဲ့အခါမှာ အတူတကွလျှောက်ထားပေးနိုင်မှာဖြစ်ပါတယ်။
၃) အမေရိကန်နိုင်ငံ ပြင်ပကို အစိုးရဆီမှ ခွင့်ပြုချက်ဖြင့် ခရီးသွားခွင့်ရနိုင်ပြီး အမေရိကန်နိုင်ငံအတွင်းကိုလဲ ပြန်လည်ဝင်ရောက်နိုင်ပါတယ်။
၄) Asylum မအောင်ခင်က မရရှိခဲ့တဲ့ လူထုအကျိုးခံစားခွင့်များနဲ့ ကူညီထောက်ပံ့မှုတွေကို ရရှိလာနိုင်ပါတယ်။
၅) Asylum အောင်ပြီးတဲ့နောက်မှာ Lawful Permanent Resident (Green Card Holder) ဆက်လက်လျှောက်ထားနိုင်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် U.S. Citizen ဖြစ်ဖို့ပါ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Asylum တင်ထားရုံနဲ့တင် အစိုးရဆီမှ အချို့သောကာကွယ်မှုများနဲ့ Work Permit (EAD) ကို ကိုယ့်ရဲ့ Asylum Application ဆုံးဖြတ်ချက်မချခင်၊ Asylum Case Pending ဖြစ်နေစဉ်တည်းက ရရှိနိုင်ပါတယ်။

ကိုယ့်မှာ Immigration Court Case ရှိပြီးသားဆိုရင် Asylum တင်လိုက်ခြင်းဟာ Asylum Application Pending ဖြစ်နေစဉ်အတွင်း မိမိနိုင်ငံဆီသို့ ပြန်ပို့ခံရခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ Immigration Court ကနေ Asylum တင်လိုက်ရင် Immigration Judge မှ ကိုယ့်ကို Asylum အောင်မအောင် မဆုံးဖြတ်ခင်အချိန်ထိ ကိုယ့်ရဲ့နိုင်ငံကို ပြန်မပို့တော့ပါဘူး။ အကယ်၍ Immigration Judge က Asylum အအောင်မပေးခဲ့ရင်တောင် ကိုယ့်အနေနဲ့ အဆိုပါဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ “Appeal Process” ဖြင့် ဆက်လက်အယူခံ လုပ်ဆောင်နိုင်ပါသေးတယ်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ပါက Board of Immigration Appeals အနေနဲ့ ကိုယ့်ရဲ့ Appeal ကို မဆုံးဖြတ်မချင်း အမေရိကန်အစိုးရက ကိုယ့်ကို ကိုယ့်နိုင်ငံဆီပြန်ပို့လို့မရပါဘူး။

Previous Next